ကျင့်ဝတ်မလိုက်နာသော အင်ဂျင်နီယာများအား ထိရောက်စွာအရေးယူမည်


ရန်ကုန် သြဂုတ် ၃၁

အထပ်မြင့်အဆောက်အအုံများ ဆောက် လုပ်ရာတွင် လက်မှတ်ရေးထိုး၍ လိုင်စင် ကြေးသာယူပြီး ကိုယ်တိုင်ကြီးကြပ်ခြင်း မရှိသော အင်ဂျင်နီယာများအား ကျင့်ဝတ် ဖောက်ဖျက်မှုဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က ယနေ့ ညနေပိုင်းတွင် ကန်တော်ကြီးပတ်လမ်းရှိ ဒေါ်(လ်)ဖင် စားသောက်ဆိုင်၌ ကျင်းပ သော ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းရေး အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အနေဖြင့် လိုင်စင်ရအင်ဂျင်နီယာ သုံးမျိုး သုံးစား သတ်မှတ်ထုတ်ပြန်လိုက်ပြီဖြစ် ကြောင်း၊ ယင်းတို့မှာ မှတ်ပုံတင်အင်ဂျင် နီယာ၊ အကြီးတန်းမှတ်ပုံတင်အင်ဂျင်နီယာနှင့် အင်ဂျင်နီယာပညာရှင်ဟူ၍ ဖြစ်ကြောင်း၊ မုတ်ပုံတင်အင်ဂျင်နီယာ များသည် မည်သည့်အဆောက်အအုံကိုမျှ ဦးဆောင်အင်ဂျင်နီယာအဖြစ် ဆောက် လုပ်ခြင်းမရှိကြောင်း၊ လက်ထောက် အနေဖြင့်သာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ အကြီးတန်းမှတ်ပုံတင် အင်ဂျင်နီယာ တစ်ဦးအနေဖြင့် ရှစ်ထပ်လူနေအဆောက် အအုံကိုသာ တာဝန်ယူ၍ ဆောက်လုပ် ခွင့်ရှိကြောင်း၊ နှစ်ထပ်ကျောင်း၊ ဈေးနှင့် တစ်ထပ်အားကစားရုံများကို တာဝန်ခံ အင်ဂျင်နီယာအဖြစ် ဆောက်လုပ်ခွင့် မရှိကြောင်း၊ ယင်းတို့အနက် အင်ဂျင် နီယာပညာရှင်အဆင့်မှသာ အဆောက် အအုံအားလုံးကို တာဝန်ယူတည်ဆောက် ခွင့်ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများအနေဖြင့် မိမိတို့ တာဝန်ယူဆောက်လုပ်သော အဆောက် အအုံများကို သတ်မှတ်အရည်အချင်း နှင့်ပြည့်စုံသော မှတ်ပုံတင်အင်ဂျင်နီယာ များဖြင့်သာ ဆောက်လုပ်သင့်ကြောင်း၊ အင်ဂျင်နီယာမပါဘဲ ဆောက်လုပ်သော အဆောက်အအုံများ များပြားလာ၍ အရည်အသွေးမှာလည်း ကျဆင်းလာ ကြောင်း၊ ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပေးထားသော လိုင်စင်ရအင်ဂျင် နီယာအရေအတွက်မှာ ၁၂ဝဝ ခန့်သာ ရှိကြောင်း သိရသည်။

သတင်း - မြင့်မောင်စိုး၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျင့်ဝတ်မလိုက်နာသော အင်ဂျင်နီယာများအား ထိရောက်စွာအရေးယူမည် ကျင့်ဝတ်မလိုက်နာသော အင်ဂျင်နီယာများအား ထိရောက်စွာအရေးယူမည် Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.