23.9.2016 စက်တင်ဘာလ (၂၃)ရက်နေ့  နေ့ညနေ ၃း၄၀ နာရီအချိန် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့  မှ မူဆယ်အထွက် ၀န်တင်တပ်အကျော် အိုရီယမ်တယ်တိုးဂိတ် မရောက်ခင် ကချင်ကုန်းတွင် ဆိုင်ကယ်နှင့် မှန်လုံယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့ရာ ကူညီပေးရန် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု လားရှိုးယာဉ်ထိန်း အဖွဲ့မှ ဆက်သွယ်လာပါသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ နမ့်ခမ်းမြို့ ဟိုဂမ်ရပ်ကွက်နေ စိုင်းမောင်မြင့် အသက် ၃၈ နှစ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိပြီး နောက်မှထိုင်လိုက်လာသူ ၎င်း၏ခယ်မ နန်းညွန့်စိန် အသက် ၂၈ နှစ်မှာ ညာဖက်ဒူးခေါင်းတွင် ထိခိုက်ပါသည်။
၎င်းဒဏ်ရာရရှိသူတို့အား လားရှိုးဆေးရုံကြီး ခွဲစိတ်ဆောင်သို့ပေးထားခဲ့ပါသည်။ ခွဲစိတ်ဆောင်သို့ရောက်ရှိပြီး ဒဏ်ရာရသူမှာသေဆုံးသွားပါသည်။ ၎င်းအားရင်ခွဲရုံသို့ဆက်လက်ပို့ဆောင်ပေးထားခဲ့ပါသည်။
MUNA လားရှိုးမြို့။
လားရှိုးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး
Reviewed by THITHTOOLWIN
on
04:49
Rating:
