ကျွန်းစုမြို့နယ် စစ်ဘုကျေးရွာ၌ အရက်သောက်ရင်း စကားများရန်ဖြစ်ရာမှ အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးသေဆုံး


ကျွန်းစု စက်တင်ဘာ ၂၉ ရက်

တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ စစ်ဘုကျေးရွာတွင် စက်တင်ဘာလ(၂၇)ရက်နေ့ ည(၉)နာရီ အချိန်ခန့်က အရက်သောက်ရင်းစကားများရန်ဖြစ်ရာမှ အသက်(၄၀)အရွယ်ရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့ ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ စစ်ဘုကျေးရွာနှင့်(၁)မိုင်ခန့်အကွာဥယျာဉ်တဲတွင် နေထိုင်သူဒေါ်အင်ကြည်သည် နေအိမ်တဲ၌ ရှိနေစဉ် ၎င်းခင်ပွန်းဖြစ်သူ ဦးချစ်လွင်(ခ)ဦးကျီးကန်း အသက်(၄၀)နှစ်မှ ခြံချင်းကပ်လျက် ဦးစစ်အေး၏ အလုပ်သမားများဖြစ်ကြသော မြိတ်မြို့၊ခုံမော်ကျေးရွာအုပ်စု၊ ဘန်မဲကျေးရွာနေ တင်သောင်း(ခ) တင်သန်းအသက်(၄၀)နှစ်၊ သန်းထွန်းအသက်(၄၀)နှစ်နှင့် သားပုအသက်(၃၀)နှစ်ခန့်တို့၏ နေအိမ်ဥယျာဉ်တဲ သို့သွားရောက်ရာမှ ပြန်မလာနိုင်သဖြင့် ဇနီးဖြစ်သူမှ လိုက်သွားရာ ၎င်းတို့နေအိမ်တဲပေါ်တွင် ခင်ပွန်းဖြစ်သူ ဦးချစ်လွင်နှင့် ဦးတင်သောင်းပါ(၃)ဦးမှ အရက်သောက်စားပြီး စကားများရန်ဖြစ်နေသဖြင့် ကြောက်ပြီးနေအိမ်တဲ သို့ပြန်လာခဲ့ရာ နံနက်မိုးလင်းသည်အထိ ခင်ပွန်းဖြစ်သူပြန်မလာနိုင်၍ သားမက်ဖြစ်သူ မောင်သိန်းစိုးနှင့် သမီးဖြစ်သူ မရီဝင်းတို့အားပြောပြကာ စစ်ဘုကျေးရွာရာအိမ်မှူး ဦးသန်းထွန်းထံ သွားရောက်အကြောင်းကြားခဲ့ ကြောင်းသိရသည်။

၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့ (၁၄း၀၀)အချိန်ခန့်တွင် ရာအိမ်မှူး ဦးသန်းထွန်းနှင့်အဖွဲ့တို့မှ ဦးတင်သောင်းပါ(၃)ဦးနေထိုင်ရာ ဥယျာဉ်တဲသို့ သွားရောက်ကြည့်ရှုရာ နေအိမ်တံခါးပိတ်ထားပြီး နေအိမ် အောက်တွင် သွေးကွက်များတွေ့၇ှိရသဖြင့် တံခါးဖွင့်ကြည့်ရာ နေအိမ်တဲပေါ်တွင် ဦးချစ်လွင်မှာ ၀ဲဘက်နားရွက် နောက်နှင့် လည်ပင်ဝဲဘက်နောက်တို့တွင် ပြတ်ရှဒါဏ်ရာများဖြင့် သေဆုံးနေပြီး တင်သန်းပါ(၃)ဦးတို့အား ရှာဖွေမတွေ့ရှိသဖြင့် ဒေါ်အင်ကြည်မှ စက်တင်ဘာလ(၂၉)ရက်(၁၃း၀၀)အချိန်ခန့်တွင် ကံမော်နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်တိုင်တန်းသဖြင့် ကံမော်နယ်မြေရဲစခန်းမှ (ပ)၃၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုအားလက်ခံ ဖွင့်လှစ်ခဲ့ပြီး စခန်းမှူး ရဲအုပ်ရဲမြင့်နှင့်တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရာအရပ်သို့သွားရောက်ကာ ရဲလုပ်ငန်းများ ဆောင်ရွက်၍ အခင်းဖြစ်ရာအရပ်မှ သက်သေခံပစ္စည်းဖြစ်သော အသွား(၁၆)လက်မ၊ အရိုး(၁၁)လက်မခန့်ရှိ တောခုတ်ဓါး(၁)ချောင်းအား သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဦးတင်သောင်းပါ(၃)ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ကျွန်းစုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Iprd Kyunsu
https://www.facebook.com/iprd.kyunsu
ကျွန်းစုမြို့နယ် စစ်ဘုကျေးရွာ၌ အရက်သောက်ရင်း စကားများရန်ဖြစ်ရာမှ အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးသေဆုံး ကျွန်းစုမြို့နယ် စစ်ဘုကျေးရွာ၌ အရက်သောက်ရင်း စကားများရန်ဖြစ်ရာမှ အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.