![]() |
ဖိလစ်ပိုင် သမ္မတ ရော်ဒရီကို ဒူတာတေး (Credit: AFP) |
Abu Sayyaf အဖွဲ့ကို အမေရိကန်နဲ့ ဖိလစ်ပိုင် အစိုးရတို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။
အဲဒီအဖွဲ့ဟာလည်း နိုင်ငံခြားသားတွေကို ဖမ်းဆီးငွေကြေးတောင်းခံမှု လုပ်လေ့ရှိသလို ဒီနှစ်အတွင်း ကနေဒါ နိုင်ငံသား ဓားစာခံ နှစ်ဦးကို လည်လှီးသတ်ဖြတ်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။
ဒါ့အပြင် အရင်လတုန်းက ဖိလစ်ပိုင် စစ်သား ၁၅ ယောက်ဟာလည်း Abu Sayyaf အဖွဲ့ကြောင့် သေဆုံးခဲ့ရပြီး ဒူတာတေးရဲ့ မွေးရပ်မြေမှာ ဗုံးဖောက်ခွဲမှုလုပ်လို့ လူ ၁၄ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီကိစ္စတွေကို မကျေနပ်လို့ သမ္မတ ဒူတာတေးက အဲဒီအတွက် ပြန်လည်ပေးဆပ်ရမယ့်အကြောင်း၊ ပြန်လှည့်စားချေရမယ့် အချိန်ရောက်ရင်တော့ လူရှေ့သူရှေ့မှာပဲ အဲဒီလူတွေကို ဝါးစားလိုက်မယ်လို့ လာအိုနိုင်ငံကို ရောက်နေတုန်း သမ္မတ ဒူတာတေးက ပြောလိုက်ပါတယ်။
သမ္မတ ဒူတာတေးဟာ မဆင်မခြင် စကားတွေ ပြောဆိုလေ့ရှိတဲ့အတွက် သမ္မတနဲ့ နီးစပ်သူတွေက သမ္မတရဲ့ ပြောစကားတွေကို လုံးစေ့ပတ်စေ့ အဓိပ္ပာယ် မကောက်ဖို့ သတင်းထောက်တွေကို သတိပေးရလေ့ရှိတယ်လို့လည်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင် သမ္မတဟာ မကြာသေးခင်တုန်းကပဲ သမ္မတ အိုဘားမားကို ဖာသည်မရဲ့သားလို့ ပြောခဲ့ဖူးသလို ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ကိုလည်း အလားတူ ပြောခဲ့ပါတယ်။
အဲဒီလို ပြောဆိုတဲ့အတွက် သမ္မတ အိုဘားမားက ဒူတာတေးနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် ဒူတာတေးက သူပြောခဲ့တဲ့ စကားတွေအပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောဆိုလာတာ ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
စစ်သွေးကြွတွေကို ဝါးစားပစ်မယ်လို့ ဒူတာတေးဆို
Reviewed by THITHTOOLWIN
on
17:49
Rating:
