ဗိုလ်မှူးကြီးစောဆန်းအောင် မဲသဝေါဒေသ တိုက်ပွဲအတွင်း ဒဏ်ရာရရှိ


စက်တင်ဘာ ၁၅၊DNJ

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း DKBAခွဲထွက်အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံတွင် ဆေးကုသနေကြောင်းသိရသည်။
ကရင်နယ်ခြားစောင့် BGFတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး စက်တင်ဘာ ၁၅ ရက်နေ့ ဝါးကလို့ လူးကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီးစောဆန်းအောင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း BGFတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဝါးကလို့လူးကုန်း စခန်းကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅နာရီခွဲခန့်တွင် သိမ်းနိုင်ခဲ့ပြီး ရန်သူဘက်မှ အကျအရှုံးများကြောင်း နှင့် ယင်းထဲတွင် ၄င်းပါဝင်သည်ဟု ကနဦးကြားသိရပြီး လက်ရှိတွင် ဒဏ်ရာဖြင့် မဲဆောက်တွင် ဆေးကုသမှု ခံယူနေရကြောင်း BDF တပ်ဖွဲ့မှ သတင်းရရှိသည်။

ဒဏ်ရာရရှိခဲ့သည့် စောဆန်းအောင်အား မဲဆောက် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသနေပြီး ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။
ကရင်ပြည်နယ် မဲသဝေါဒေသတွင် ယခု စက်တင်ဘာလဆန်းမှ စတင်ပြီး နယ်ခြားစောင့် BGFတပ်ဖွဲ့နှင့် DKBAခွဲထွက် ဗိုလ်မှူးကြီး စောဆန်းအောင် တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင် ဒုက္ခသည်များအား မြိုင်ကြီးဂူ ဆရာတော် ဦးဆောင်ပြီး ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြင်မြတ်ဖြူ

Development Media Group
https://www.facebook.com/DevelopmentNJ
ဗိုလ်မှူးကြီးစောဆန်းအောင် မဲသဝေါဒေသ တိုက်ပွဲအတွင်း ဒဏ်ရာရရှိ  ဗိုလ်မှူးကြီးစောဆန်းအောင် မဲသဝေါဒေသ တိုက်ပွဲအတွင်း ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 02:42 Rating: 5
Powered by Blogger.