တညှင်းကုန်းဘူတာနှင့် စက်မှုဇုန်နှစ် ဘူတာကြားတွင် အမျိုးသမီးတစ်ဦး ရထားတိုက်မိမှုကြောင့် သေဆုံး


ရန်ကုန်မှ လှော်ကားပြေးဆွဲသည့် မြိုပတ်ရထားတစ်စီးသည် စက်တင်ဘာ၂၈ရက်၊ နံနက် ၈ နာရီခန့်တွင် တညှင်းကုန်းဘူတာနှင့် စက်မှုဇုန်ဘူတာကြားတွင် အမျိုးသမီတစ်ဦးကိုရထားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရှိရသည်။
“မြို့ပတ်ပါပဲတွဲဆိုင်းအကြီး(ဂ)ရထားပါ။ အမျိုးသမီးကရထားလာတာကိုလမ်းဖြတ်ကူးတာပွတ်တိုက်မိသွားတယ်။ နောက်စိပျောက်သွားတယ်။ ခုဆုံးသွားပါတယ်။”ဟု မြန်မာ့ မီးရထားလုပ်ငန်းတိုင်းအမှတ်(၇) သွားလာရေးဌာန၊ မန်နေဂျာဦးကျော်စိုးလင်းကပြောသည်။

အဆိုပါ ရထားသည် တညှင်းကုန်းဘူတာမှ ထွက်လာစဉ် ရထားမီးပွိုင့်အလွန်တွင် ရထားလမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးကိုတိုက်မိခဲ့ကြောင်းမျက်မြင်များထံမှ သိရသည်။
“လှော်ကားဘက်လာတဲ့ ရထားပါ။ ကျွန်တော်တို့လည်းရထားအကြာကြီးရပ်လို့ ဘာဖြစ်လဲထွက်ကြည့်ကြတာရထားတိုက်တာဖြစ်နေတယ်။ တကယ်တော့ ရထားလာတာကို ဖြတ်မကူးသင့်ဘူး။ ဒါကရထားအမှားမဟုတ်ဘူး။” ဟုမျက်မြင်ရထားစီးခရီးသည်တတစ်ဦးကပြောသည်။

လက်ရှိ မြို့ပတ်နှင့်ဆင်ခြေဖုံးလမ်းပိုင်းသို့ပြေးဆွဲနေသောရထားတွဲဆိုင်း၂၃ဆိုင်းနှင့် တစ်ရက်လျှင်၁၂၅ ခေါက်ပြေးဆွဲနေပြီးယခုနှစ် မိုးတွင်းကာလတွင် တစ်ရက်လျှင် ခရီးသည် ခုနှစ်သောင်းခွဲထိရှိလာကြောင်း မြန်မာ့ မီးရထားလုပ်ငန်းသွားလာရေးဌာနမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
တညှင်းကုန်းဘူတာနှင့် စက်မှုဇုန်နှစ် ဘူတာကြားတွင် အမျိုးသမီးတစ်ဦး ရထားတိုက်မိမှုကြောင့် သေဆုံး  တညှင်းကုန်းဘူတာနှင့် စက်မှုဇုန်နှစ် ဘူတာကြားတွင် အမျိုးသမီးတစ်ဦး ရထားတိုက်မိမှုကြောင့် သေဆုံး Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.