ရေကူးသင်ပေးတဲ့သူနဲ့  ဖေါက်ပြန်မိခဲ့လို့ သေနတ်နဲ့ ပစ်သတ်ခံရ


၁၄-၉-၂၀၁၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဖလန်စောင် အရပ်က Seven Eleven (၂၄)နာရီ ဈေးအရောင်ဆိုင်အတွင်းမှာဈေးဝယ်နေတဲ့ ထိုင်းအမျိုးသမီး ချလင်ထောင်(၃၄)နှစ်ကို ဆိုင်ကယ်ဦးထုတ်ဆောင်းထားသူတစ်ဦးက သေနတ်နဲ့  လေးချက် ဆက်တိုက်ပစ်ခတ် ထွက်ပြေးသွားခဲ့ပါတယ်။

အမျိုးသမီးဟာ သေနတ်ဒဏ်ရာနဲ့  သေဆုံးသွားပါတယ်။

အမျိုးသမီးကိုပစ်ခတ်သွားတဲ့ တရားခံ ၀ိချိုင်း(၃၅)နှစ်ဟာ ရေကူးသင်တန်း ပေးနေသူ တစ်ဦးပါ၊သမီးဖြစ်သူ ရေကူးသင်တန်းတက်နေတာလိုက်ပို့ ရင်း ခလေးကိုေ၇ကူးသင်ပေးနေသူ ၀ိချိုင်းနဲ့ လူမှုရေး ဖေါက်ပြန်မိခဲ့တဲ့ အိမ်ထောင် ရှင်အမျိုးသမီးဟာ ခင်ပွန်းသည် သိသွားမှာ စိုးရိမ်တာရယ် အမှားတစ်ခုကို လုပ်မိတာ သိမြင်လာတဲ့ နောက်ပိုင်း ၀ိချိုင်ကို အဆက်ဖြတ် ခဲ့ပါတယ်။


သူတို့  ဇတ်လမ်းက လွယ်လွယ်နဲ့  ပြီးမသွားခဲ့ ပါဘူး၊ နောက်ပိုင်းမှာ ရေကူးသင်ပေးသူ ၀ိချိုင်း ဟာ သူနဲ့  ဖေါက်ပြန်နေစဉ် က ရိုက်ထားတဲ့ မှတ်တမ်းကို ပြပြီး အမျိုးသမီးရဲ့ ခင်ပွန်းကို ထိုင်းဘတ်ငွေ (၁၅၀၀၀၀၀) တစ်သန်းငါးသိန်း (ကျပ် သိန်း၄၅၀) ရလိုကြောင်း ငွေညစ် တောင်းနေခဲ့ပါတယ်။


နောက်ဆုံးတော့ ရေကူးသင်ဆရာရဲ့  လုပ်ရပ်ကို အမျိုးသမီးက ရဲစခန်းမှာ တိုင်ချက်ဖွင့် တရားစွဲ လိုက်လို့  အခဲမကြေဖြစ်နေသူ ၀ိချိုင်း (တရားခံ)က ခုလို အမျိုးသမီးလာတတ်တဲ့ နေရာကစောင့်နေပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ထွက်ပြေးနေသူ တရားခံ ကို စမုစာကွန်ခရိုင်မှာ ဖမ်းမိသွားခဲ့ပါတယ်။

Social Action for Women - SAW
ရေကူးသင်ပေးတဲ့သူနဲ့  ဖေါက်ပြန်မိခဲ့လို့ သေနတ်နဲ့ ပစ်သတ်ခံရ ရေကူးသင်ပေးတဲ့သူနဲ့  ဖေါက်ပြန်မိခဲ့လို့ သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.