အိမ်အကူ မိန်းကလေး (၂) ဦးကို ညှဉ်းပန်းနှိပ်စက်တဲ့အမှုဟာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်ပေမယ့် နှစ်ဦးနှစ်ဖတ် ကျေအေးဖို့လုပ်လိုက်တာလို့ ကော်မရှင်ဆို


အိမ်အကူ မိန်းကလေး (၂) ဦးကို ညှဉ်းပန်းနှိပ်စက်တဲ့ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်တွေကိစ္စ လူအခွင့်ရေးချိုးဖောက်မှုအဖြစ် ကော်မရှင် အနေနဲ့လက်ခံပေမယ့် နှစ်ဦးနှစ်ဖတ် ကျေအေးဖို့သာ ကြားထဲက ဆွေနွေးညှိနှိုင်းပေးလိုက်တာလို့ ကော်မတီဝင် ဦးဇော်ဝင်း ကပြောပါတယ် ။

 ဦးဇော်ဝင်းက သူတို့လုပ်ရပ် မှန်တယ် မှားတယ်ဆိုတာ မပြောလိုကြောင်း ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အမှုကို ငွေကြေးနဲ့ ကြားဝင်ညှိနှိုင်းပေးခဲ့တာ မှားယွင်းမှုလို့ ထင်မြင်ပါသလား ဆိုတဲ့ မေးခွန်းနဲ့ ကော်မရှင်အနေနဲ့ ဘယ်လိုဆက်လက် တာဝန်ယူမှာလည်း ဆိုတာကို မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

 ဒီရှင်းလင်းပွဲကို လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေလဲ လာရောက်နားထောင်ခဲ့ပြီး မေးခွန်းခွန်းအချို့ကကိုလည်း မေးမြန်းခဲ့ပါတယ် ။

 ဒီကိစ္စနဲ့ ပတ်သက်လို့ ကော်မရှင်အနေနဲ့ ဘယ်လို တာဝန်ယူပြီး နှုတ်ထွက်သွားဖို့ အစီအစဉ်ရှိမရှိကိုလည်း မေးမြန်ရာမှာတော့ ကော်မရှင်အဖွဲ့ဝင်ဦးဇော်ဝင်းက ပြည်သူတွေနဲ့လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိတယ်လို့သာပြန်လည်ဖြေကြားခဲ့ပါတယ် ။

သတင်းထောက်ချုပ် .................. မြတ်သူအောင်
သတင်းထောက် .................. မျိုးမင်း
ကင်မရာမန်း .................. ရဲဝင်းနှိုင်
5 Plus News
https://www.facebook.com/5plusnews
အိမ်အကူ မိန်းကလေး (၂) ဦးကို ညှဉ်းပန်းနှိပ်စက်တဲ့အမှုဟာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်ပေမယ့် နှစ်ဦးနှစ်ဖတ် ကျေအေးဖို့လုပ်လိုက်တာလို့ ကော်မရှင်ဆို  အိမ်အကူ မိန်းကလေး (၂) ဦးကို ညှဉ်းပန်းနှိပ်စက်တဲ့အမှုဟာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်ပေမယ့် နှစ်ဦးနှစ်ဖတ် ကျေအေးဖို့လုပ်လိုက်တာလို့ ကော်မရှင်ဆို Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.