မင်္ဂလာဈေး အသစ်ပြန်ဆောက်မည်

ဇန်နဝါရီလ ၁ဝ ရက်နေ့ မနက်က မီးလောင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို လာမယ့် ပွင့်လင်းရာသီမှာ ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်ရေးကို စတင်လုပ်ဆောင်သွားမယ်လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင် က ပြောပါတယ်။

မင်္ဂလာဈေးကြီး ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဈေးသူဈေးသားတွေက ဒီနေ့ ဆန္ဒပြဖို့ ပြင်ဆင် ထားပေမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံခဲ့ကြ တာ ပြေလည်သွားတယ်လို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

မင်္ဂလာဈေးတည်ရှိရာဝန်းထဲက ဈေး ၄ ခုလုံးကို တွဲပြီး အဆင့်မြင့်ဈေးကြီး တည်ဆောက်ပေးမှာ ဖြစ်တာကြောင့် အချိန်ကြာသွားတာဖြစ်တယ်လို့လည်း ပြောပါတယ်။

မင်္ဂလာဈေးကြီး တည်ဆောက်ပေးမယ့် အချိန်ကြာမြင့်နေတဲ့အတွက် ဈေးသူ၊ ဈေးသားတွေက ဆန္ဒပြဖို့ စီစဉ်တာဖြစ်ပါတယ်။

မင်္ဂလာဈေး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော်ပျက်စီးခဲ့ပြီး ကျပ်သိန်းပေါင်း ၃ သိန်း ၆ သောင်း ကျော်ဆုံးရှုံးခဲ့ပါတယ်။ မင်္ဂလာဈေး မီးလောင်တာဟာ ၂၀၁၀ ခုနှစ်ကလည်း တကြိမ်ဖြစ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၈၀၀ နီးပါးဆုံးရှုံးပျက်စီးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မင်္ဂလာဈေး အသစ်ပြန်ဆောက်မည်  မင်္ဂလာဈေး အသစ်ပြန်ဆောက်မည် Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.