၂၁ ပင်လုံ ညီလာခံမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတွေ အတွက် ကြောက်စရာမလိုကြောင်း ပြဿနာ ရှိတာကို မရှိချင်ယောင်ဆောင်နေတာကသာ စိုးရိမ်စရာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သတ္တိရှိရှိနဲ့ ပြဿနာတွေကို ရင်ဆိုင်သွားမယ်လို့လည်း ပြောပါတယ်။
ဒီကနေ့၂၁ပင်လုံညီလာခံ နောက်ဆုံးနေ့အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျေးဇူးတင် စကားပြောကြားခဲ့တာဖြစ်ပါတယ်။
အစိုးရ အနေနဲ့ အားလုံးကို ဖေးမမယ် လက်တွဲမယ် ၊ အရှေ့ကနေဆိုလည်း နေပေးမယ် အနောက်ကနေပါဆိုလည်း နေပါ့မယ် ခံစရာရှိလည်း အရှေ့ကနေ ခံသွားမယ်လို့ အားလုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိပေးပါတယ်။
ဒီ ၂၁ပင်လုံညီလာခံဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းသာဖြစ်ကြောင်း နဲ့ ငြိမ်းချမ်းရေးရဖို့ တချိန်လုံး စဉ်းစားနေရမှာ ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်လောက်ခက်ခဲကြောင်း သိရအောင် ၂၁ပင်လုံ ညီလာခံဆွေးနွေးမှုတွေကို တိုက်ရိုက် LIVE ထုတ်လွှင့်ပေးခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
၂၁ ရာစု ပင်လုံညီလာခံ နောက်ဆုံးနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြား
Reviewed by THITHTOOLWIN
on
12:44
Rating:
