သန်လျင်မြို့နယ်၊ အုတ်ဖိုစုဘူတာအနီးတွင် မီးရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိ


ရန်ကုန်၊ စက်တင်ဘာ ၁၈

၁၈.၉.၂၀၁၆ ရက်နေ့ ၀၉၄၅ အချိန်တွင် သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ အုတ်ဖိုစုဘူတာအနီးတွင် မီးရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားကြောင်းသတင်းအရ သန်လျင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပါသည်။


အဆိုပါနေရာတွင် ၀၈၃၀ အချိန်ခန့်၌ ရန်ကုန်ဘက်မှ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်(တာဝ)သို့ ညောင်ရမ်း ၁ အဆန်၊ မြို့ပတ်ရထားမှမောင်းနှင်လာစဉ် အုတ်ဖိုစုရပ်ကွက်၊ သနပ္ပင်ကျေးရွာလမ်းရှိ မီးရထားလမ်းနှင့်
ကားလမ်းအကူးနေရာအရောက်တွင် အုတ်ဖိုစုရပ်ကွက်ဘက်မှ သနပ္ပင်ကျေးရွာဘက်သို့ သန်လျင်မြို့နယ်နေ ယာဉ်မောင်း ဟိန်းဇာနည်အောင်၊ (၂၉)နှစ်မောင်းနှင်လာသည့် 3E---- TOYOTA Vitz ယာဉ်မှာ ရထား
လမ်းအား ဖြတ်သန်းမောင်းနှင်စဉ် ရထား၏၀ဲဘက်ခေါင်းပိုင်းနှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

ယင်းသို့ ဖြစ်ပွားခဲ့သဖြင့် ဟိန်းဇာနည်အောင်အား သင်္ဃန်းကျွန်းမြို့နယ်ရှိ ရထားရဲတပ်ဖွဲ့စခန်းတွင် (ပ)၅/၂၀၁၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ-၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
သန်လျင်မြို့နယ်၊ အုတ်ဖိုစုဘူတာအနီးတွင် မီးရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိ  သန်လျင်မြို့နယ်၊ အုတ်ဖိုစုဘူတာအနီးတွင် မီးရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိ Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.