သက်ငယ်မုဒိန်းမှု ငွေလျော်ကြေး ဘတ် ၃ထောင် ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ညိနှိုင်း ဖြေရှင်း


တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ် ပုလုံတုံတုံး ကျေးရွာ မှ ၁၉- ၉-၂၀၁၆ စက်တင်ဘာလ (၁၉) ရက်နေ့က သက်ငယ် မုဒိမ်းမှုတစ်မှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမှုကို ကာယကံရှင် နှစ်ဦး နှစ်ဖက်နှင့် သက်ဆိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က ဘတ်ငွေ ၃၀၀၀ိ/ ပေးပြီး ငွေကြေးဖြင့် ဖြေရှင်း ဖျောက်ဖျက် ခဲ့တယ်လို့ သိရတဲ့ အတွက် ကျေးရွာသူ ရွာသားများ မကျေမနပ် ဖြစ်နေ ပါတယ်။

ကလေးမလေးက ပုလုံးတုံးတုံးရွာ ဘကကျောင်းမှာ ဒုတိယတန်း တက်နေတဲ့ အသက် ၁၁နှစ် ၂ လအရွယ် ကျောင်းသူလေး ဖြစ်ပြီးတော့ သူ့ရဲ့ မိဘတွေက ထိုင်းနိုင်ငံမှာ သွားရောက် လုပ်ကိုင်စားနေပြီး အဖွားဖြစ်သူ ထံမှာ အပ်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ကလေးမလေးကို ကျင့်ကြံသူကတော့ ဦးအောင်သန်း အသက် (၅၀)နှစ် အရွယ် ရှိသူ ဖြစ်ပြီး ကလေးမလေးကို တစ်ရက် မုန့်ဖိုး ၁၀၀၀ ကျပ် ပေးပေးပြီး စည်းရုံးကာ ကုလား သင်္ချိုင်း နားက ခြုံပုတ် ထဲမှာ ကျင့်ကြံတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအမှုကို ထိရောက်စွာ ပြစ်ဒဏ် ချမှတ်နိုင်ရေး ကျေးရွာသူ သားများ မျှော်လင့်နေကြပါတယ်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
သက်ငယ်မုဒိန်းမှု ငွေလျော်ကြေး ဘတ် ၃ထောင် ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ညိနှိုင်း ဖြေရှင်း  သက်ငယ်မုဒိန်းမှု ငွေလျော်ကြေး ဘတ် ၃ထောင် ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ညိနှိုင်း ဖြေရှင်း Reviewed by THITHTOOLWIN on 22:40 Rating: 5
Powered by Blogger.