3-9-2016
ကရင်ပြည်နယ် မြိုင်ကြီးငူနဲ့ မဲသဝေါ ဒေသမှာ စက်တင်ဘာ ၃ ရက် ဒီကနေ့မနက် ၄ နာရီခွဲလောက်က တိုက်ပွဲတွေဖြစ်နေကြောင်း သိရပါတယ်။
စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် ၁၀၁၂ နဲ့ တပ်မ ၄၄ လက်အောက်ခံ တပ်တွေ ဖြစ်ပြီး၊ ဒီအေဘီအေ တပ်ဖွဲ့တွေနဲ့ ထီးသာထစခန်း၊ ရင်းပိုင်းချောင်းဝ၊ ထီးပန၊ မဲ့ဆိပ်အရှေ့ခြမ်း၊ ယော့ပိုးထ စတဲ့နေရာတွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတယ်လို့ ခိုင်လုံတဲ့ ဒေသခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက် အရ သိရတယ်။
ဒီမနက် တိုက်ပွဲတွေ စဖြစ်နေတယ်ဆိုတာကို ဒီကေဘီအေ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူတဦးက အတည်ပြု ပြောကြားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ် ကောင်းမှုဒေသမှာ စစ်တပ်ဘက်က စစ်ရေး အရ နေရာယူ ထိုးစစ်ဆင်နေတာကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး မရုတ်သိမ်းဘူးဆိုရင် DKBA အနေနဲ့ သူတို့ရဲ့ ထိန်းချုပ်ရာ နယ်မြေတွေမှာ တပြိုင်တည်း စစ်မျက်နှာဖွင့်သွားမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ကြေညာ ချက်တစောင်ထုတ်ပြန်ထားပါတယ်။
ယမုံနာ
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေအဖွဲ့တို့ မဲသဝေါဒေသတွင် တိုက်ပွဲဖြစ်ပွားနေ
Reviewed by THITHTOOLWIN
on
18:35
Rating:
