အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေကို လူမှုဝန်ထမ်းဦးစီးဌာနကပါ တရားစွဲထား


နေပြည်တော် စက်တင်ဘာ ၂၁။ ။

အိမ်အကူအမျိုးသမီးလေးနှစ်ဦး ကိုနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်မှကျူးလွန်သူတွေ ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊လူမှုဝန်ထမ်းဦးစီးဌာနကပါ တရားစွဲဆိုထားတယ်လို့ အဲ့သည်ဌာန ၀န်ကြီးကပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက " လူမှုဝန်ထမ်းဦးစီးဌာန က တရားလိုလုပ်ပြီးတော့ ပုဒ်မ ခြောက် (ဃ)နဲ့တရားစွဲဆိုထားတယ်။တရားခံနှစ်ယောက်ကို တရားစွဲထားတယ်။ပုဒ်မ - ၆ ဆိုတာ ကလေးသူငယ်နဲ့ ဆိုင်တဲ့ ပုဒ်မပဲ ။ပြစ်ဒဏ်ကတော့ သည်တစ်ခုတည်းနဲ့  ပြောလို့ မရဘူးတစ်ခြား လူကုန်ကူးမှုနဲ့ စွဲထားတာတွေလည်းကြားတယ် "လို့ ပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရန်ကုနှ်မှာ ရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာန ကလည်း ကလေးနှစ်ယောက်ကိုခေါ်ယူစောင့်ရှောက်ထားတယ်လို့ ဝန်ကြီးကပြောပါတယ်။ အိမ်အကူမိန်းကလေးနှစ်ဦးကိုနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် အမျိုးသမီးနှစ်ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂အရ ကျောက်တံတားရဲစခန်းမြို့နယ် ရဲတပ်ဖွဲ့မှုးရဲမှုး ကလည်ူးအမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

author - ဖေသက်ထက်ခင်
Kumudra
https://www.facebook.com/newsKumudra
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေကို လူမှုဝန်ထမ်းဦးစီးဌာနကပါ တရားစွဲထား အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေကို လူမှုဝန်ထမ်းဦးစီးဌာနကပါ တရားစွဲထား Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.