ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် တစ်ဦးသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာနှင့် ဧကရာဇ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ခရီးသည်တင်ဟိုင်းလတ်ကားတစ်စီးနှင့် ကိုယ်ပိုင်အိမ်စီးကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် တစ်ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ဝေါမြို့မ ရဲစခန်းမှ သိရှိရသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၆၆/၅)နှင့်(၆၆/၆)ကြားတွင် စက်တင်ဘာ ၂၅ ရက်၊ ညနေပိုင်းက ကျိုက်ထိုဘက်မှ ဘုရားကြီးဘက်သို့မောင်းနှင်လာသော ခရီးသည်တင်ဟိုင်းလတ်ယာဉ်နှင့် ဘုရားကြီးဘက်မှ ကျိုက်ထိုဘက်သို့မောင်းနှင်လာသော SURF ကိုယ်ပိုင်အိမ်စီးကားတို့သည် အရှိန်မထိန်းနိုင် ဘဲ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုတွင် ခရီးသည်တင်ကားမှ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အရေးပေါ်လူနာအဖြစ်(၆)ဦးကို ပဲခူးဆေးရုံသို့ နာရေးကူညီမှုအသင်းမှ လိုက်လံပို့ဆောင်ကုသခဲ့သော်လည်း တစ်ဦးမှာ လမ်းခရီးတွင်သေဆုံးခဲ့ ကြောင်း သိရသည်။
“ကားကျော်တက်စဉ်အရှိန်လွန်ပြီး မျက်နှာချင်းဆိုင်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။ ခရီးသည်တင်ဟိုင်းလတ်ကား မောင်းတဲ့ ယာဉ်မောင်းတော့ အခင်းဖြစ်ပွားပြီးထွက်ပြေးသွားပါတယ်။ ဒဏ်ရာအပြင်းအထန်ရရှိတဲ့သူတွေကို တော့ ဝေါပြည်သူ့ဆေးရုံကတဆင့် ပဲခူးဆေးရုံကိုတင်ပို့ကုသနေပါတယ်။”ဟု ဝေါမြို့မ ရဲစခန်းမှ တာဝန်မှူး ရဲအုပ်ကျော်မိုးကပြောသည်။

ဟိုင်းလတ်ယာဉ်မောင်းနှင့် ကိုယ်ပိုင်အိမ်စီး ကားယာဉ်မောင်းတို့နှစ်ဦးအား ဝေါမြို့မရဲစခန်းမှ ယာဉ်(ပ)၃၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၀၂ တို့ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် တစ်ဦးသေဆုံး  ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 15:45 Rating: 5
Powered by Blogger.