တောင်ကုတ်-စကုကျွန်း စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံး လျက်ရှိသော အမျိုးသမီး ၃ ဦးအား သက်ဆိုင်ရာမှ ရှာဖွေလျက်ရှိ


ရခိုင်ပြည်နယ်အတွင်း စက်တင်ဘာလ ၇ ရက်နေ့က တောင်တုတ်- စကုကျွန်းစက်လှေနစ်မြုပ်မှု ကြောင့် အမျိုးသမီး ၃ ဦးသေဆုံးသွားခဲ့ပြီး ၃ ဦးပျောက်ဆုံးလျက်ရှိရာ ၄င်းပျောက်ဆုံးနေသော အမျိုးသမီး ၃ ဦးအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံများပူးပေါင်းကာ ရှာဖွေလျက်ရှိကြောင်း သိရသည်။


အဆိုပါ နစ်မြုပ်စက်လှေတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁၀ ဦး ပေါင်း ၁၉ ဦး စီးနင်း လိုက်ပါ လာခဲ့ကြောင်း၊ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄ ဦးမှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပြီး ကျန်အမျိုးသမီး ၆ ဦးတွင် ၃ ဦး သေဆုံးသွားခဲ့ကာ ၃ ဦးမှာ ပျောက်ဆုံးနေသည်။


နစ်မြုပ်မှုဖြစ်ပွားခဲ့သော စက်လှေသည် တောင်ကုတ်မြို့နယ် ကုလားချောင်းကျေးရွာအုပ်စု ၊ ခေါင်းလောင်းတူ ကျေးရွာမှ နံနက် ၇ နာရီ ၃၀ မိနှစ် အချိန်တွင် ရမ်းဗြဲမြို့နယ် စကုကျွန်းသို့ ထွက်ခွာလာခဲ့ရာ နတ်ကန်မြစ်အရောက် နံနက် ၁၁ နာရီအချိန်တွင် လှိုင်းရိုက်ခတ်မှုကြောင့် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ / ရခိုင်ဂေဇက်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
တောင်ကုတ်-စကုကျွန်း စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံး လျက်ရှိသော အမျိုးသမီး ၃ ဦးအား သက်ဆိုင်ရာမှ ရှာဖွေလျက်ရှိ  တောင်ကုတ်-စကုကျွန်း စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံး လျက်ရှိသော အမျိုးသမီး ၃ ဦးအား သက်ဆိုင်ရာမှ ရှာဖွေလျက်ရှိ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.