လာအိုနိုင်ငံ မှာပြုလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်


လာအိုနိုင်ငံ ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပမယ့် ၂၈ နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုး က 5plus ကိုအတည်ပြုပါတယ်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ အခုလ အစောပိုင်းမှာ လာအိုနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 ၂၈ နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို လာအိုနိုင်ငံ ၊ ဗီယန်ကျင်းမြို့ရှိ အမျိုးသားကွန်ဗန်းရှင်းစင်တာမှာ စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

 အဲဒီအစည်းအဝေးတွေကို အာဆီယံ (၁၀) နိုင်ငံက ခေါင်းဆောင်တွေအပြင် တရုတ် ၊ ဂျပန် ၊ ကိုရီးယား ၊ ရုရှား ၊ သြစတေးလျ ၊ နယူးဇီလန် နဲ့ အမေရိကန်နိုင်ငံတွေ က ထိပ်သီးခေါင်းဆောင်တွေလည်း တက်ရောက်မှာဖြစ်တယ်လို့ လာအိုနိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - MOFA
5 Plus News
https://www.facebook.com/5plusnews
လာအိုနိုင်ငံ မှာပြုလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်  လာအိုနိုင်ငံ မှာပြုလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည် Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.