စက်တင်ဘာလ ၂၇ ရက်
ရခိုင်ပြည်နယ် သံတွဲမြို့၌ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ် အချိန် တွင် အိမ်တစ်လုံးမီးလောင်ရာ၌ လူနှစ်ဦး မီးလောင်၍သေဆုံးသွားကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုဖြစ်သောအိမ်မှာ သံတွဲမြို့၊ အမှတ် (၅) ရပ်ကွက်၊ င/ကျော်တောင်လမ်း၌ တည်ရှိပြီး ၄င်းမီးလောင်မှုသည် ၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်းသိရသည်။
“ကျွန်တော်တို့ မီးဘယ်လိုလောင်တာလဲ စုံစမ်းနေတယ်၊ ဆုံးရှုံးမှုတန်ဖိုးလည်းပြောလို့မရသေးဘူး၊ အဲဒီ အိမ်ပိုင်ရှင် ဒေါ်ကျန်တင်ရဲ့ သမီးနဲ့သမက်ကတော့ သေဆုံးသွားတယ်။ သူတို့အိမ်မှာတော့ ကုန်စုံဆိုင် ရောင်းတယ်။ ကျန်တဲ့ဟာတွေကိုတော့ ကျွန်တော်တို့ပြောလို့မရသေးဘူး၊ စုံစမ်းဆဲဘဲရှိသေးတယ်။ ဘေးပတ်ဝန်းကျင်ကိုတော့ ကူးစက်မှုမရှိဘူး” ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန် ကပြောသည်။
၎င်းမီးလောင်မှု၌ သေဆုံးသွားသည့် လင်မယားနှစ်ဦးမှာ ဦးဝင်းကိုအောင် အသက် ၃၆ နှစ်နှင့် ဇနီးဒေါ်ဂျူစီဦး အသက် ၃၀ နှစ်တို့ နှစ်ဦးသေဆုံးသွားကြောင်း ဦးသန်းဇော်ဟန်က ဆိုသည်။
ခိုင်မင်းညို
ဓာတ်ပုံ - ထွန်းသန့်ကျော်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
သံတွဲမြို့တွင် အိမ်မီးလောင်ရာ လူနှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:15
Rating:
