ရေနံချောင်းမြို့တွင် မီးလောင်မှု ဖြစ်ပွား


ရေနံချောင်း စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက်တွင် စက်တင်ဘာ ၂ ရက်နေ့ (၀၀း၁၅) နာရီအချိန်က လူမှုဝန်ထမ်း ဦးစီးဌာန၊ ရေနံချောင်း မူလတန်းကြိုကျောင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ရေနံချောင်းမြို့ မီးသတ် ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေ ၂၄ဦး၊ အရန်မီးသတ် ၅၀ ဦး၊ ရေနံချောင်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃စီး၊ ရေသယ်ယာဉ် ၂စီး၊ ညောင်လှ နယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁စီး၊ ဂွေးချိုနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁စီး၊ ချောက်မြို့ နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ မြန်မာ့ရေနံမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ ရေသယ်ယာဉ် ၁စီး၊ မကွေးခရိုင်မှ အုပ်ချုပ်မှုယာဉ် ၁စီး ရွှေရောင်လင်း စက်သုံးဆီဆိုင်မှ ရေသယ်ယာဉ် ၁စီး စုစုပေါင်းဖြင့် ရေဂါလံ ၂၂၀၀၀ ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ (၁း၅၀)အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။


အဆိုပါ မီးလောင်မှုကြောင့် အလျား ၁၀၀ ပေ၊ အနံ ၅၀ ပေရှိ အုတ်ညှပ် တစ်ထပ် အဆောက်အဦ တစ်လုံးပျက် စီးဆုံးရှုံးခဲ့ပြီး လူ၊ တိရိစ္ဆာန်များ ထိခိုက် သေဆုံးမှု မရှိဘဲ မီးလောင်မှု အကြောင်းအရင်းနှင့် တရားခံအား စုံစမ်း စစ်ဆေးဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရေနံချောင်းမြို့တွင် မီးလောင်မှု ဖြစ်ပွား ရေနံချောင်းမြို့တွင် မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:43 Rating: 5
Powered by Blogger.