ပြည်ကြီးတံခွန်မြို့နယ်(စ) ရပ်ကွက်တွင် နေအိမ်(၄) လုံး မီးလောင်မှုဖြစ်ပွား


မန္တလေး၊ စက်တင်ဘာ ၂၃

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၅၄လမ်း×၅၅လမ်းကြား၊ ဗန္ဓုလလမ်းနှင့် ကျန်စစ်သားလမ်းကြားတွင် စက်တင်ဘာ ၂၃ ရက်၊ နေ့လည် ၁ နာရီ ၃၅ မိနစ် က နေအိမ်(၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးငြိမ်းသတ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ် မှုကြောင့် နေ့လည် ၁ နာရီ ၅၀ မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။


အဆိုပါမီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြိမ်းသတ်ယာဉ်(၅၀)စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၇၅ဦး၊ အရန် မီးသတ်(၁၂၀)ဦးနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များလာရောက်ခဲ့ပြီး မီးလောင်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် ထထ-၃၄/၇၁ အိမ်ပိုင်ရှင် မနိုင်နိုင်မော်အား ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိပြီး မီးစတင်လောင်ကျွမ်းမှုအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

သန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်ကြီးတံခွန်မြို့နယ်(စ) ရပ်ကွက်တွင် နေအိမ်(၄) လုံး မီးလောင်မှုဖြစ်ပွား ပြည်ကြီးတံခွန်မြို့နယ်(စ) ရပ်ကွက်တွင် နေအိမ်(၄) လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:12 Rating: 5
Powered by Blogger.