အမျိုးသမီးတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံး


မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့နယ် ညောင်ကန်ကျေးရွာအနီး မြင်းခြံ-ညောင်ကန်-ဇဂျမ်း သွား လမ်းဘေး၌ အမျိုးသမီးတစ်ဦး စက်တင်ဘာ၂၇ရက် နံနက်၉နာရီ အချိန်ခန့်က ဓါးဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြင်းခြံမြို့ အမှတ်၁၆ ရပ်ကွက်နေ ဒေါ်အုန်းမြင့် ၆၁နှစ် (သားဖွားဆရာမ-ငြိမ်း)သည် ခင်ပွန်း ဖြစ်သူ ဦဝင်းမောင်နှင့်အတူ မြင်းခြံ-ညောင်ဦးလမ်းအတိုင်း ညောင်ကန်ရွာသို့ သွားခဲ့ပြီး ရွာလမ်းအဝင် တစ်မိုင်ခန့်၌ လမ်းများပျက်စီးနေ၍ သွားမရဖြစ်ကာ အဆိုပါနေရာ၌ ဇနီးဖြစ်သူတစ်ဦးထဲ ထားခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ
ညောင်ကန်ရွာထဲသို့ ဆက်လက် သွားကာ ဘက်ဟိုးစက်ဖြင့် လမ်းပြင်နိုင်ရန် စီစဉ်လျက် ပြန်လာစဉ် သေဆုံးနေသည့် ဇနီးဖြစ်သူအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း။ သေဆုံးသူ၏ ဘယ်ဘက်လည်ပင်းနှင့် ဘယ်ဘက်ရင်အုံအောက်၌ ထိုးသွင်းဒဏ်ရာများတွေ့ခဲ့ ရကြောင်း သိရသည်။


သေဆုံးသူသည် ခင်ပွန်းနှင့်အတူ အဆိုပါလမ်းအား ပြုပြင်ပေးရန် ယမန်နေ့ကတည်းက လာရောက်ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏စီးပွားရေးလုပ်ငန်းမှာလည်း ညောင်ကန်ရွာအနီး ဆင်တဲဝချောင်းမှ သဲများအား သဲသယ်ယာဉ်များပေါ်သို့ ဘက်ဟိုးစက်ဖြင့် တင်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း သိရပါသည်။

ကျေးရွာမီးလင်းရေးအတွက် လိုအပ်နေသည့်ငွေ သိန်း၅၀အား ၎င်းမိသားစုထံမှ ရွာမှချေးငှားယူ ထားရသည်ဟုလည်း သိရပြီး ကျေးရွာအပေါ် အကူအညီပေးနေသူများဟု သဘောထားခံယူသူများရှိသကဲ့သို့ သဲယာဉ်များကြောင့် လမ်းများပျက်စီးခဲ့သည်ဟုပြောသူများလည်း ရှိနေသည်။


အခင်းဖြစ်ပွားသည့် နေရာ၏ အနောက်ဘက် မလှမ်းမကမ်းရှိ ဆေးရွက်စိုက်ခင်း၌ အမျိုးသမီးအချို့ရှိနေပြီး
ကယ်ပါကယ်ပါ ဟုအသံကြားခဲ့ရကြောင်း။ ဆက်လက်ရှာဖွေစဉ် သေဆုံးနေရာ၏ အရှေ့ဘက် ယခင်းတောခြုံထဲမှ သေဆုံးသူကိုင်ဆောင်ခဲ့သည့် အိတ်တစ်လုံးနှင့်အတူ ငွေစက္ကူရောရာ ၄၆၉၀၀ကျပ်။ စာအုပ်။ ပြေစာ။အိမ်သုံးဆေး။ လိမ်းဆေးဗူး။ မိုးကာအင်္ကျီထည့်ထားသည့် ပလက်စတစ်အိပ်တစ်ခု။ ဓါးမြှောင်တစ်ချောင်းတို့ကိုတွေ့ခဲ့ရပြီး နှစ်ကျပ်သားခန့်ရှိ သံကွင်းဆက်ရွှေဆွဲကြိုးတစ်ကုံး။ ပယင်းဆွဲသီးတစ်ခု။ ဖုန်းတစ်လုံး ပျောက်ဆုံးနေကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သို့ မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူး။ တောင်သာမြို့နယ်ရဲတပ်ဖွဲ့မှူး တို့ ရောက်ရှိလျက် နယ်မြေစခန်းမှူးအဖွဲ့နှင့်အတူ တရားခံအား အမြန်ဆုံးဖော်ထုတ် နိုင်ရေး ဆက်စပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Htun Lin Media - Taungtha
https://www.facebook.com/tunlinmedia
အမျိုးသမီးတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံး  အမျိုးသမီးတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံး Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.