မူးယစ်တွေကို သတ်ပစ်ချင်လို့ ဒူတာတေးဆို

ဂျာမနီ အာဏာရှင် ဟစ်တလာ
ဖိလစ်ပိုင် အနာဂတ် မျိုးဆက်တွေကို ကာကွယ် စောင့်ရှောက်ဖို့ နိုင်ငံက မူးယစ်ဆေး စွဲနေသူ ၃ သန်း ကို သတ်ပစ်ချင်တယ်လို့ ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေးက ပြောကြား လိုက်ပါတယ်။

ဒူတာတေးက သူ့ရဲ့ မူးယစ်ဆေး နှိမ်နင်းရေး တိုက်ပွဲကို နာဇီ ဂျာမနီ ခေတ်က အာဏာရှင် ဟစ်တလာရဲ့ ဂျူးမျိုးတုံး သတ်ဖြတ်မှုနဲ့ နှိုင်းယှဉ် ပြောခဲ့ပါတယ်။

ဒီလို ပြောကြားမှု အတွက် အမေရိကန် က ဂျူး အုပ်စုတွေက ပြစ်တင် ရှုတ်ချ ခဲ့ကြပါတယ်။

ဒူတာတေး အာဏာရပြီး ၃ လ အတွင်း မူးယစ်ဆေးစွဲသူ လူ သုံးထောင်ကျော် ပစ်ခတ် သတ်ဖြတ် ခံနေရပါတယ်။

BBC Burmese
http://www.bbc.com/burmese
မူးယစ်တွေကို သတ်ပစ်ချင်လို့ ဒူတာတေးဆို မူးယစ်တွေကို သတ်ပစ်ချင်လို့ ဒူတာတေးဆို Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.