ဆီဆိုင်မြို့နယ်မှာ လူသတ်မှု ဖြစ်ပွား


ပအိုဂ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်ခုံးရွာမှာ မနေ့ည (19-9-2016) စက်တင်ဘာလ (၁၉) ရက်နေ့ ညနေ 6.00 နာရီခန့်လောက်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြန်ပါတယ်။

 သေဆုံးသူ နန္တကု(33) နှစ် ဆိုသူအား တစ်ရွာတည်းနေ ဇောတိလ(42) နှစ်က လည်ပင်းနဲ့ ရင်ညွန့်နေရာတို့အား ဓားဖြင့်ထိုးခဲ့သည့်အတွက်  နေရာမှာ ပွဲချင်းပီး သေဆုံးနေခဲ့ကြောင်း တဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆီဆိုင်မြို့ရဲတပ်ဖွဲ့စခန်းသို့ လာရောက်သတင်းပေးပို့ချက်အရ သိရပါတယ်။

 ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ မြို့မရဲတပ်ဖွဲ့စခန်းမှူး ဦးစီးအဖွဲက လူသတ်တရားခံအား အချိန်တိုအတွင်း
သွားရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လူသတ်တရားခံအား အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရပါတယ်။

San Win
ဆီဆိုင်မြို့နယ်မှာ လူသတ်မှု ဖြစ်ပွား  ဆီဆိုင်မြို့နယ်မှာ လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 22:46 Rating: 5
Powered by Blogger.