တံတိုင်းအတွက် ကုန်ကျစရိတ် မပေးနိုင်ဘူးလို့ မက္ကဆီကိုဆို

ရီပါပလေကန် ပါတီရဲ့ သမ္မတလောင်း Donald Trump (Credit: Reuters) 
ရီပါပလေကန် ​သမ္မတလောင်း ​Donald ​Trump ​က ​မက္ကဆီကို ​သမ္မတနဲ့ ​တွေ့ဆုံပြီး ​လူဝင်မှုကြီးကြပ်ရေး ​ကိစ္စနဲ့ ​ကုန်သွယ်ရေး ​အကြောင်းတွေ ​ဆွေးနွေးခဲ့ကြပါတယ်။

မက္ကဆီကို ​နိုင်ငံသားတွေ ​အမေရိကန်နိုင်ငံထဲ ​တရားမဝင် ​ဝင်လာတာမျိုး ​မရှိအောင် ​နှစ်နိုင်ငံ ​နယ်စပ်မှာ ​တံတိုင်းတွေ ​တည်ဆောက်မှာ ​ဖြစ်ပြီး ​ကုန်ကျစရိတ်ကို ​မက္ကဆီကို ​နိုင်ငံကို ​ပေးခိုင်းမယ်လို့ ​Donald ​Trump ​က ​အစောပိုင်းမှာ ​ပြောဆိုခဲ့တာ ​ရှိပါတယ်။

မက္ကဆီကို ​သမ္မတ ​Enrique ​Pena ​Nieto ​နဲ့ ​တွေ့ဆုံတဲ့အခါမှာလည်း ​နှစ်နိုင်ငံ ​နယ်စပ်မှာ ​အမေရိကန်က ​တံတိုင်းတွေ ​ကာရံပိုင်ခွင့် ​ရှိတယ်လို့ ​ပြောပါတယ်။

တံတိုင်းကာပိုင်ခွင့် ​ရှိတဲ့အကြောင်းကိုသာ ​ဆွေးနွေးပြီး ​ကုန်ကျစရိတ်ကို ​ဘယ်သူခံရမယ် ​ဆိုတဲ့အကြောင်း ​မဆွေးနွေးဖြစ်ခဲ့ဘူးလို့ ​Donald ​Trump ​က ​ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ ​AFP ​သတင်းမှာတော့ ​မက္ကဆီကို ​သမ္မတက ​တံတိုင်းတည်ဆောက်မယ့် ​ကုန်ကျစရိတ်ကို ​မက္ကဆီကို ​ကုန်ကျမခံနိုင်ဘူးလို့ ​အတိအလင်း ​ပြောကြားခဲ့တယ်လို့ ​ဆိုပါတယ်။

Donald ​Trump ​နဲ့ ​တွေ့ဆုံစမှာပဲ ​အဲဒီကိစ္စကို ​ဆွေးနွေးခဲ့တယ်လို့ ​မက္ကဆီကို ​သမ္မတက ​Donald ​Trump ​အမေရိကန်နိုင်ငံကို ​ပြန်သွားပြီး ​မကြာခင်မှာပဲ ​တွစ်တာမှာ ​ရေးသားခဲ့တာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​Donald ​Trump ​နဲ့ ​တွေ့ဆုံပြီး ​နာရီပိုင်းအတွင်းမှာပဲ ​မက္ကဆီကို ​သမ္မတက ​Donald ​Trump ​ရဲ့ ​ပေါ်လစီ ​တချို့က ​မက္ကဆီကိုအတွက် ​စိုးရိမ်စရာ ​ဖြစ်တာကြောင့် ​Donald ​Trump ​ကို ​လာလည်ဖို့ ​ဖိတ်ခေါ်ခဲ့ရတာ ​ဖြစ်တယ်လို့လည်း ​ရုပ်မြင်သံကြား ​တစ်ခုမှာ ​ပြောသွားခဲ့ပါတယ်။

မက္ကဆီကို ​သမ္မတက ​Donald ​Trump ​ကို ​ဖိတ်ခေါ်ခဲ့သလို  ​ဒီမိုကရက်တစ် ​ပါတီရဲ့ ​သမ္မတလောင်း ​ဟီလာရီ ​ကလင်တန်ကိုလည်း ​မက္ကဆီကို ​နိုင်ငံဆီ ​လာလည်ဖို့ ​ဖိတ်ခေါ်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
တံတိုင်းအတွက် ကုန်ကျစရိတ် မပေးနိုင်ဘူးလို့ မက္ကဆီကိုဆို  တံတိုင်းအတွက် ကုန်ကျစရိတ် မပေးနိုင်ဘူးလို့ မက္ကဆီကိုဆို Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.