အသံချဲ့စက်ကြိုးအား ဆွဲဖြုတ်သည့် နယ်သာလန် နိုင်ငံသားကို ပထမဆုံးအကြိမ်ရုံးထုတ်


မန္တလေး၊ စက်တင်ဘာ ၂၈။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တမာကုန်း ရပ်ကွက်ရှိ သုစရိတဓမ္မရုံတွင်မှ အသံချဲ့စက် ဖွင့်ထားသည့်ကြိုးအား ဆွဲဖြုတ်သည့် နယ်သာလန် နိုင်ငံသား Mr.Klaas Haijtema အား စက်တင်ဘာလ ၂၈ ရက်နေ့ က မဟာအောင်မြေမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယင်းနိုင်ငံသားအား သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ လဝက အက်ဥပဒေပုဒ်မ ၄(၂) / ၁၃ (၁) တို့ဖြင့် အမှုဖွင့်ထားခဲ့သည် ။

"ကျွန်တော်တောင်းပန်ပါတယ်။ ဘာသာရေး အဆောက်အအုံမှန်း မသိတဲ့အတွက် ဒီလိုလုပ်လိုက်ရတာ ဖြစ်တယ်။ ကျွန်တော်ပင်ပန်းပြီး ဟိုတယ်မှာ အိပ်နေတာ ဆူနေလို့ အိပ်မပျော်ဘူး။ အဲ့ဒီနားက ကလေးတွေမေးတော့ နားမလည်ကြဘူး ။ ဒါ့ကြောင့်ဆွဲဖြုတ်လိုက်တာပါ"ဟု Mr . Klaas Haijtema က တရားရုံးတွင် ထွက်ဆိုခဲ့သည် ။

မဟာအောင်မြေတရားသူကြီးမှ ယင်းအမှုအား အမြန်ပြီးပြတ်စေရန်အတွက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထပ်မံချိန်းဆိုပေးခဲ့သည်။ ထို့အပြင် နယ်သာလန်နိုင်ငံသား Mr . Klaas Haijtemaမှ လည်း အမှုအား အမြန်ပြီးချင်ကြောင်း ပြောသည်။

ဓာတ်ပုံ-နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
အသံချဲ့စက်ကြိုးအား ဆွဲဖြုတ်သည့် နယ်သာလန် နိုင်ငံသားကို ပထမဆုံးအကြိမ်ရုံးထုတ် အသံချဲ့စက်ကြိုးအား ဆွဲဖြုတ်သည့် နယ်သာလန် နိုင်ငံသားကို ပထမဆုံးအကြိမ်ရုံးထုတ် Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.