ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းမစ္စတာ ကိုဖီအာနန်၏ ရခိုင်ခရီးစဉ် ပြီးဆုံး


စက်တင်ဘာ ၇ ၊

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ခရီးစဉ်ပြီးဆုံးပြီးယနေ့တွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွါသွားပြီ ဖြစ်ကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်သည် စက်တင်ဘာလ ၆ ရက်နေ့စပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိလာရာ စစ်တွေမြို့ရှိ အရပ်ဖက် အသင်းအဖွဲ့၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ တို့နှင့်တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။


ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဌ ဦးဆောင်သည့်အဖွဲ့သည် စက်တင်ဘာ ၇ရက်နေ့တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီများ၊ စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ရခိုင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ၊ စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာ ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများသို့သွားရောက်ခဲ့ပြီးနေ့လည်ပိုင်းတွင် မြန်မာ့လေကြောင်းဖြင့် ရန်ကုန်သို့ထွက်ခွါသွားပြီဖြစ်ကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဌ မစ္စတာကိုဖီအာနန် စစ်တွေလေဆိပ်သို့ထွက်ခွါလာရာတွင် လေဆိပ် အနီးဒေသခံအချို့လဲဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရခိုင်ဂေဇက် / Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းမစ္စတာ ကိုဖီအာနန်၏ ရခိုင်ခရီးစဉ် ပြီးဆုံး  ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းမစ္စတာ ကိုဖီအာနန်၏ ရခိုင်ခရီးစဉ် ပြီးဆုံး Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.