ပလက်ဝက စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မည်

( အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တချို့ကိုတွေ့ရစဉ် ) Photo: Min Thein Aung/ RFA
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်စိုကျေးရွာကနေ ကုလားတန်မြစ်ကမ်းဘေးက လောင်းတင်ရွာမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ၃၀၀ ကျော်ကို ၂၀၁၇ ခုနှစ် မတ်လမှာ နေရပ်ကို အပြီးပြောင်း ရွှေ့ပေးနိုင်ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါတယ်။

ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ ပြိုင်စိုကျေးရွာတ၀ိုက်မှာ ချင်းပြည်နယ် အစိုးရအဖွဲ့က မိုင်းတွေရှိ မရှိ လိုက်လံစစ်ဆေးခဲ့ပြီး မြေမြုပ်မိုင်းတွေမရှိတဲ့အတွက် နေရပ်မှာပြန်လည် နေထိုင်လို့ရပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးပြုံးချိုက ပြောပါတယ်။

ပြိုင်စိုကျေးရွာနေ တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အိမ်ထောင်စု ၆၅ စု ၊ လူဦးရေ ၃၀၀ ကျော်ထဲမှာ ကျောင်းသား ကျောင်းသူ ၁၀၀ နီးပါး ပါဝင်ပါတယ်။

လာမယ့် အောက်တိုဘာလလမှာ ဒုက္ခသည်တွေအတွက် နေအိမ်ဆောက်လုပ်နိုင်ဖို့ ချင်းပြည်နယ် အစိုးရက ငွေကျပ် ၃ သိန်းကနေ ၄ သိန်းအထိ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ဘုရားကျောင်းတွေ၊ ကျောင်းဆောင်တွေ ပြုပြင်ပေးမှာဖြစ်ပြီး ဒီဇင်ဘာလမှာ တောင်ယာတွေခုတ်ထွင်နိုင်ဖို့ အကူအညီပေးမှာဖြစ်သလို ၂၀၁၇ခုနှစ် ဇန်န၀ါရီလမှာ စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးဖို့လည်း စီစဉ်ထားပါတယ်။

ပြိုင်စိုကျေးရွာမှာ ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ၂၀၁၅ ဧပြီလမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ပြိုင်စိုကျေးရွာက ဒေသခံတွေ ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပလက်ဝက စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မည်   ပလက်ဝက စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မည် Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.