မူးယစ်ဆေး ဝင်ရောက် ဖမ်းဆီးရာ တရားခံမှ ဓါးဖြင့် ပြန်ခုတ်


26.9.2016

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ၊မြို့မ(၂) ရပ်ကွက်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် (၁၁) နာရီ အချိန်ခန့် က မူးယစ်ဆေးဝါး ဖြန့်ဖြူး/သုံးစွဲနေကြောင်း သတင်း ရရှိသဖြင့် အမှတ် ၄ နယ်မြေရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ အသိသက်သေများနှင့် အတူ ဝင်ရောက် ဖမ်းဆီးခဲ့သည်။


ဝင်ရောက်ဖမ်းဆီးရာတွင် ရှာဖွေဖမ်းဝရမ်းပါသော်လည်း အိမ်ရှင်ဖြစ်သူ အဒေါ်ကြီးနှင့် သားဖြစ်အပါ လူ(၄) ဦး တို့ မှ ဓါးကိုယ်စီဖြင့် ပြန်ခုတ်ခဲ့ကြောင်း သိရသည်။ ဓါးဖြင့် ပြန်ခုတ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး၏ ဘယ်ဖက် လက် လက်ချောင်း တို့တွင် ပြတ်ရှဒဏ်ရာ ရရှိခဲ့ကာ ရဲတပ်ဝင် တစ်ဦးအား တရာခံမှ ဓါးဖြင့်လိုက်ခုတ် သဖြင့် ခြံစည်းရိုးကျော်ပြီး ထွက်ပြေးရာမှ လက်တို့ တွင် ပုလင်း ကွဲ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဓါးခုတ်သူတို့မှာ ထွက်ပြေးတိမ်းရှောင်နေပြီး ယင်းနေအိမ်မှ မူးယစ်ဆေးဝါးသုံးစွဲ ရာတွင် အသုံးပြု သည့် ပစ္စည်းများနှင့် ဓါးနှစ်လက်ကို သိမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

Myat Htut - Myeik


မူးယစ်ဆေး ဝင်ရောက် ဖမ်းဆီးရာ တရားခံမှ ဓါးဖြင့် ပြန်ခုတ်  မူးယစ်ဆေး ဝင်ရောက် ဖမ်းဆီးရာ တရားခံမှ ဓါးဖြင့် ပြန်ခုတ် Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.