ဆိုင်ကယ်သူခိုးအဖွဲ့ တစ်ဖွဲ့ ဖမ်းမိ

ဆိုင်ကယ်သူခိုးအဖွဲ့တစ်ဖွဲ့ကို မအူပင်-တွံ့တေးကား၌ လေးအိမ်စုကျေးရွာရဲစခန်းနှင့် မလတ်တိုကျေးရွာရဲကင်းပူးပေါင်း ညဥ့်နက်လှည့် ကင်းအဖွဲ့မှ ဖမ်းဆီးရမိ
( ၈-၉-၂၀၁၆ )

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ မအူပင်မြို့မ ရဲစခန်းလက်အောက်ရှိ လေးအိမ်စုကျေးရွာ ရဲစခန်းမှ ခေတ္တယာယီစခန်းမှူး ရဲအုပ် သောင်းလွင် အပါအဝင်တပ်ဖွဲ့ဝင်(၃)ဦး ၊ မလတ်တိုကျေးရွာရဲကင်းမှ တပ်ဖွဲ့(၃)ဦး ပေါင်း ၁+၅ သည် သက်သေများနှင့်အတူ ၇-၉-၂၀၁၆နေ့ နံနက် (၁)နာရီအချိန်မှ စတင်၍ လေးအိမ်စု၊ ထနီး၊ လှိုင်းတာ ၊ မလက်တို၊ စစ်ကိုင်း ကျေးရွာများအတွင်း ညဥ့်နက် လှည့်ကင်းဆောင်ရွက်နေစဉ် နံနက် ၄နာရီ ၁၅မိနစ်အချိန်ခန့်မှာ မလက်တိုကျေးရွာအုပ်စု၊ လှိုင်းတာကျေးရွာ၊ မအူပင်-တွံတေးကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၇/၆)အနီးတွင် မသင်္ကာဖွယ်ရာလူငယ် (၅)ဦးအား ဆိုင်ကယ် (၄)စီးနှင့်အတူတွေ့ရှိ၍ သက်သေများဖြင့် စစ်ဆေးမေးမြန်းရာ ၄င်းလူငယ်(၅)ဦးမှာ ရုတ်တရက်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ဆန်းဝင်းကြည်(ခ)မောင်ဆန်း အပါအဝင်(၄)ဦးအား ဖမ်းဆီးရမိပြီး ဖြိုးဇော်အောင်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါသည်။

(၁)ဆန်းဝင်းကြည်(ခ)မောင်ဆန်း၊ (၂၇)နှစ်၊ (ဘ)ဦးတင်ရွှေ၊ မြဂိုးကျေးရွာ ၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

(၂)ဇော်လတ်(၁၈)နှစ်၊ (ဘ)ဦးခင်ဇော်လတ်၊ မူလမန်းကျေးရွာ၊ တလုပ်ထော်ကျေးရွာအုပ်စု၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

(၃)အောင်စည်သူ(၂၁)နှစ်၊ (ဘ)ဦးခင်ဇော်တင့်၊ မြဂိုးကျေးရွာ ၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

(၄)ဖြိုးဝေအောင်(၁၉)နှစ်၊ (ဘ)ဦးစိုးနောင်၊ မြဂိုးကျေးရွာ ၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

(၅)ဖြိုးဇော်အောင်(စီစစ်ဆဲ)၊ မြဂိုးကျေးရွာ ၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
ဖမ်းဆီးရမိသူ(၄)ဦးနှင့်အတူ တွေ့ရှိသော သက်သေခံဆိုင်ကယ်(၄)စီးနှင့်ပက်သက်၍ မေးမြန်းရာ ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် ဆိုင်ကယ်များအား နေအိမ် အဆောက်အဦး တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်ရာ စစ်ဆေးတွေ့ရှိသဖြင့် ဆန်းဝင်းကြည် (ခ)မောင်ဆန်းပါ(၄)ဦးနှင့် ထွက်ပြေးသူ ဖြိုးဇော်အောင်တို့အား မအူပင်မြို့မရဲစခန်း(ပ)၃၆၄/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည် ။


၎င်းဆိုင်ကယ်များအား ရန်ကုန်တိုင်းဒေသကြီး ၊ ထန်းတပင်မြို့နယ် ၊ ပန်တိုင်ရွာဘက်မှ ခိုးယူမောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ထွက်ပြေးသွားသော ဖြိုးဇော်အောင်ကို ဖမ်းမိနိုင်ရန် မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားသဖြင့် ထိုနေ့မှာပင် တွံ့တေးမြို့နယ်ရဲတပ်ဖွဲ့မှ ထွက်ပြေးသူ ဖြိုးဇောင်အောင်ကို တွံ့တေးအပိုင်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဆက်လက်သိရှိရပါသည် ။


သက်သေခံပစ္စည်းစာရင်းမှာ -

(၁)နံပါတ်မပါ TOYOMAX DT 12577 ဖြူ/နက်ပြာရောင် ဆိုင်ကယ်(၁)စီး၊

(၂)နံပါတ်မပါ KENBO 125 ဖြူ/နက်ပြာရောင် ဆိုင်ကယ်(၁)စီး၊

(၃)နံပါတ်မပါ KENBO 125 ဖြူ/နက်ပြာရောင် ဆိုင်ကယ်(၁)စီး၊

(၄) ၄၇ယ/၆၃၀၂ JLM 125 အပြာရောင် ဆိုင်ကယ်(၁)စီးဖြစ်ကြပါသည် ။

Kha Yang

ဆိုင်ကယ်သူခိုးအဖွဲ့ တစ်ဖွဲ့ ဖမ်းမိ  ဆိုင်ကယ်သူခိုးအဖွဲ့ တစ်ဖွဲ့ ဖမ်းမိ Reviewed by THITHTOOLWIN on 23:29 Rating: 5
Powered by Blogger.