သန်လျင် - ကျောက်တန်းကားလမ်းနှင့် (၆) လမ်းသွား ကားလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ် (၂) နှစ်ဦးသေဆုံး၍ (၈) ဦးဒဏ်ရာရ


စက်တင်ဘာလ (၂၆) ရက်နေ့၊ ည (၈း၃၀) အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၊ သန်လျင် - ကျောက်တန်းကားလမ်းနှင့် (၆) လမ်းသွား ကားလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် လိုက်ပါလာသူ (၂) နှစ်ဦးသေဆုံး၍ (၈) ဦးဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရပါသည်။


သတင်းအရ ကျောက်တန်းမြို့ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းစိုးနှင့် ရဲအုပ် ကျော်သူနှင့်ရဲတပ်ဖွဲ့ဝင်များသွားရောက်ခဲ့ရာ ဖြစ်စဉ်မှာ ယာဉ်မောင်း မင်းသူ (၂၆) နှစ် (ဘ) ဦးကြင်မောင်မောင်းနှင်လာသည့် 7K-8090 Hyundai County Bus အမျိုးအစား နံ့သာရောင်ခရီးသည်တင် Mini Bus ယာဉ်မှာ သန်လျင်-ကျောက်တန်းကားလမ်းမအတိုင်း သန်လျင်ဘက်မှကျောက်တန်းဘက်သို့ မောင်းနှင်လာစဉ် (၆) လမ်းသွား လမ်းဆုံအရောက်တွင် (၆) လမ်းသွားလမ်းမကြီးအတိုင်း သီလ၀ါစက်မှုဇုန်ဘက်မှ ကုလားဝဲလမ်းမကြီးဘက်သို့ ယာဉ်မောင်း မျိုးသွင်ဦး (၂၉) နှစ် (ဘ) ဦးဝင်းလှိုင်၊ အင်းစိန်မြို့သစ်၊ အင်းစိန်မြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ် 5C-8344 Nissan Diesel အမျိုးအစားတွဲယာဉ်အမှတ် နတ/၃၁၁၉ - (၂၂) ဘီး Container တင်ယာဉ်မှ 7K-8090 ခရီးသည်တင်မှန်လုံယာဉ်အား ခါးလည်သို့ဖြတ်တိုက်မိပြီး ယာဉ်နှစ်စီးစလုံး လမ်းဘေးလွင့်စင်သွားခဲ့ ပါသည်။

 ခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် လိုက်ပါလာသူ (၂) နှစ်ဦးသေဆုံး၍ (၈) ဦးဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။


 ဒဏ်ရာရရှိသူများမှာ မခင်ဝင်း (ဘ) ဦးငြိမ်း၊ မြိုင်သာယာ (၄) ရပ်ကွက်၊ ညောင်ဝိုင်းကျေးရွာ၊ ကျောက်တန်းဆေးရုံ - အတွင်းလူနာ၊ မတင်မမခိုင် (ဘ) ဦးတင်အောင်မိုး၊ အောင်သပြေ (၃) လမ်း၊ ရွှေကုန်းရပ်ကွက်၊ ရန်ကုန်ဆေးရုံကြီး - အတွင်းလူနာ၊ မချောစုစုစံ (ဘ) ဦးသန်းဦး၊ ဗလီခြံ၊ ရွှေကုန်းရပ်ကွက်၊ ကျောက်တန်းဆေးရုံ - အတွင်းလူနာ၊ တေဇာလင်း (ဘ) ဦးအေးလွင်၊ ဇေယျာ (၆) လမ်း၊ စံချိန်မီရပ်ကွက်၊ ကျောက်တန်းဆေးရုံ - ပြင်ပလူနာ၊ ဒေါ်ငြိမ်းငြိမ်းမိုး (ဘ) ဦးစိန်သန်း၊ အနောက်ပိုင်းရပ်ကွက်၊ ရန်ကုန်ဆေးရုံကြီး - အတွင်းလူနာ၊ မမြမြဆင့် (ဘ) ဦးကျောက်ဆင့်၊ အနောက်ပိုင်းရပ်ကွက်၊ ရန်ကုန်ဆေးရုံကြီး - အတွင်းလူနာ၊ ဒေါ်သန်းသန်းအေး (ဘ) ဦးပု၊ အနောက်ပိုင်းရပ်ကွက်၊ ရန်ကုန်ဆေးရုံကြီး - အတွင်းလူနာ၊ မသဲတင်မိုးဦး (ဘ) ဦးတင်လှ၊ အေးစေတီလမ်း၊ ရန်ကုန်ဆေးရုံကြီး - အတွင်းလူနာ၊ ဦးအေးသိန်း (ဘ) ဦးထွန်းစိန်၊ မြိုင်သာယာ (၄) ရပ်ကွက်၊ အခင်းဖြစ်ရပ်သေဆုံး၊ မောင်အောင်ကိုလင်း (ခ) ကိုရှိုင်း (ဘ) ဦးထင်လင်း၊ မြိုင်သာယာ (၂) ရပ်ကွက် တို့ ဖြစ်ပါသည်။


အဆိုပါ ယာဉ်တိုက်မှုတွင် လူသေဆုံးမှု ဖြစ်ပွားခဲ့သောကြောင့် ကျောက်တန်းမြို့မရဲစခန်း ရဲအုပ် ကျော်သူမှ ယာဉ်မောင်း/မင်းသူ(ဘ)ဦးကြင်မောင်နှင့်  မျိုးသွင်ဦး(ဘ)ဦးဝင်းလှိုင်တို့အား ယာဉ်(ပ) ၂၅/၂၀၁၆၊ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၂၀၂ အရအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

NoTwo Kyauktan
သန်လျင် - ကျောက်တန်းကားလမ်းနှင့် (၆) လမ်းသွား ကားလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ် (၂) နှစ်ဦးသေဆုံး၍ (၈) ဦးဒဏ်ရာရ  သန်လျင် - ကျောက်တန်းကားလမ်းနှင့် (၆) လမ်းသွား ကားလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ် (၂) နှစ်ဦးသေဆုံး၍ (၈) ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.