အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုကို ဒုတိယအကြိမ်ရုံးထုတ်


အိမ်အကူမိန်းကလေးနှစ်ဦးအား ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှုကြောင့် ဖမ်းဆီးအရေးယူခံထားရသော အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင် ၆ ဦးကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ (စက်တင်ဘာ ၂၉) နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်ခန့်က ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

အိမ်အကူမိန်းကလေးနှစ်ဦးအား ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင်မသားစုဝင်များဖြစ်သော ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ တင်မင်းလတ်(ခ)ဖိုက်ဇယ်၊ မစုမွန်လတ်၊ မသီရိလတ်၊ ရာဇာထွန်းတို့ ၆ ဦးကို လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်၍ကလေးသူငယ်ဥပဒေ ပုဒ်မ ၆(ဃ) အရ စက်တင်ဘာ ၂၁ ရက်နေ့က တရားစွဲဆိုထားခြင်းဖြစ်သည်။


ယနေ့ တရားခွင်တွင် တရားသူကြီးက ၎င်းတို့အား ဆွဲဆိုထားသော ရာဇ၀တ်ကြီးမှုအမှတ် ၁၁၀/၁၆၊ လူကုန်ကူးမှုဥပဒေပုဒ်မ ၂၄/၃၂ တို့ကို ဖတ်ကြားခဲ့ပြီး အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များမှ တမိသားစုလုံး ဖမ်းဆီးခံထားရသဖြင့် ၎င်းတို့ထံ ထမင်းဟင်းပို့မည့်သူမရှိကြောင်း၊ ရှေ့နေရှေ့ရပ် ငှားရမ်းရန် အခက်အခဲတို့အား တင်ပြခဲ့ကြပြီး စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းက လာရောက်ဖမ်းဆီးခံခဲ့သူ သီရိလတ်ကလည်း ၎င်း၏သမီးနှစ်ယောက် အုပ်ထိန်းသူမဲ့ဖြစ်နေသည့်အခြေအနေများကို အသီးသီး တင်ပြခဲ့ကြကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုကို ဒုတိယအကြိမ်ရုံးထုတ် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုကို ဒုတိယအကြိမ်ရုံးထုတ် Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.