သတ်မှတ်အမြန်နှုန်း ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်(၂၆)စီး ဖမ်းဆီးအရေးယူ


နေပြည်တော် စက်တင်ဘာ ၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်း ကျော် လွန်မောင်းနှင် သော မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူလျက်ရှိရာ ယနေ့တွင် မော်တော်ယာဉ် (၂၆)စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

သတ်မှတ်အမြန်နှုန်းထက် ပိုမို အရှိန်ပြင်းမောင်းနှင်သော မော်တော်ယာဉ်များကို ယနေ့နံနက် (၇)နာရီမှ ညနေ (၅)နာရီအတွင်း အရှိန်နှုန်းတိုင်းတာစက်များ အသုံးပြု၍ တိုင်းတာစစ်ဆေးခြင်းကို ပလွေးလမ်းမကြီးတွင် ရဲအုပ်ဇော်လှိုင်ထွန်း ဦးစီး၍ လည်းကောင်း၊ နေပြည်တော် တိုးဂိတ် (စီလမ်းဆုံ)တွင် အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူး ရန်နောင်ဝင်း ဦးစီး၍ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် လည်းကောင်း သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် (၂၆)စီးကို ဖမ်းဆီး စစ်ဆေးပြီး ဇမ္ဗူသီရိမြို့နယ် မော်တော်ယာဉ် စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ သည်။

ထိုသို့တရားစွဲတင်ပို့ရာ၌ အရှိန်နှုန်းလွန်ယာဉ်(၁၃)စီးအား နေ့ချင်းပြီး တရားစွဲ တင် ဒဏ်ငွေချမှတ်အရေးယူခဲ့ပြီး ကျန်ယာဉ် (၁၃)စီးအား ဇမ္ဗူသီရိမြို့နယ် တရားရုံးသို့ ယာဉ်မောင်းများကိုယ်တိုင် ဒဏ်ကြေးပေးဆောင်စေ ခြင်းဖြင့် အရေးယူဆောင် ရွက်သွား မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

သန်းဦး (လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သတ်မှတ်အမြန်နှုန်း ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်(၂၆)စီး ဖမ်းဆီးအရေးယူ  သတ်မှတ်အမြန်နှုန်း ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်(၂၆)စီး ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.