ရှေ့ကမောင်းနှင်နေသော ဆိုင်ကယ်ကို နောက်က ဆိုင်ကယ် တစ်စီးက တိုက်မိကာ အမျိုးသမီးတစ်ဦးသေဆုံး

ရန်ကင်း(၁)ရွာ၌ ရှေ့ကမောင်းနှင်နေသောဆိုင်ကယ်ကို နောက်က ဆိုင်ကယ် တစ်စီးက တိုက်မိကာ နောက်ကတိုက်သော အမျိုးသမီးတစ်ဦးသေဆုံး
တာလေ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာလေမြို့၊ ရန်ကင်း(၁)ကျေးရွာအနီး တာလေ- တာချီလိတ်ပြည်ထောင်စုလမ်းမကြီးပေါ်၌ ရှေ့ကမောင်းနှင်နေသော ဆိုင်ကယ်ကို နောက် က ဆိုင်ကယ်တစ်စီးက တိုက်မိကာ သေဆုံးသွားသည့် ဖြစ်စဉ် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တာလေနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇာနည်ထွန်း နယ်ထိန်းတာဝန် ထမ်းဆောင်နေစဉ် ရဲစခန်းတောင်ဘက် (၂)ဖာလုံခွဲခန့်၊ တာလေမြို့၊ ရန်ကင်း(၁)ကျေးရွာ၊ တာလေ-တာချီလိတ်ကားလမ်း ခန့်မှန်းမြေပုံညွှန်း (PC-151872)တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်
စစ်ဆေးရာ ဦးကျအီ (၅၂ နှစ်)၊ နားယောင်းကျေးရွာ၊ တာလေမြို့နေသူသည် ၂၆ယ/------- Honda Wave S-100 ငွေရောင်ဆိုင်ကယ်ဖြင့် တာလေဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော ၄င်း ဆိုင်ကယ်၏ နောက်မှ ဒေါ်ဒေါ့ဒေါ့(ခ)ဒေါ်မူမူသင်း (၃၂ နှစ်)၊ ရန်ကင်း(၁)ကျေးရွာ၊ နားယောင်းကျေးရွာအုပ်စု၊ တာလေမြို့နေသူ မောင်းနှင်လာသည့် ၁၅ယ/-----Dream Exess အနက်ရောင် ဆိုင်ကယ်မှ ဝင်ရောက်တိုက်သဖြင့် ဒေါ်ဒေါ့ဒေါ့(ခ)ဒေါ်မူမူသင်းမှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက်ကာ ဦးခေါင်းနှင့် ကတ္တရာလမ်းစောင့်မိ သဖြင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ဦးကျအီတွင် ဝဲခြေသလုံး၊ ဝဲမျက်လုံးတို့တွင် ဖူးယောင်ဒဏ်ရာများရရှိခဲ့သည်။

အမှုမှ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး နောက်မှ ဝင်ရောက်တိုက်မိပြီး သေဆုံးသူ ဒေါ်ဒေါ့ဒေါ့(ခ)ဒေါ်မူမူသင်း အား တာလေနယ်မြေရဲစခန်းကယာဉ်(ပ) ၅/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
ရှေ့ကမောင်းနှင်နေသော ဆိုင်ကယ်ကို နောက်က ဆိုင်ကယ် တစ်စီးက တိုက်မိကာ အမျိုးသမီးတစ်ဦးသေဆုံး   ရှေ့ကမောင်းနှင်နေသော ဆိုင်ကယ်ကို နောက်က ဆိုင်ကယ် တစ်စီးက တိုက်မိကာ အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.