ပခုက္ကူ မှ လုယက်မှုများ ဖော်ထုတ်ဖမ်းမိ
(၂၃.၉.၂၀၁၆) ရက်နေ့ စက်တင်ဘာလ (၂၃)ရက်နေ့ ညနေ (၄)နာရီကျော်ခန့်က ပခုက္ကူ  မြို့ ဧရာဝတီတံတား(ပခုက္ကူ) တိုင်အမှတ် RP 16 နှင့် RP 17 ကြား မြောက်ဖက်တန်းရွာ ညောင်ဦးမြို့နယ်နေ ဦးဇော်ဝမ်းသည် ပခုက္ကူဘက်သို့ ဆိုင်ကယ်စီးလာစဉ် ခါးဝဲဘက်တွင် ထိုးလာသော ခေါက်ပိုက်ဆံအိတ် လုယက်ခံရပါသည်။
 အရပ်ရှည် အသားဖြူ  ဆံပင်ထိပ်နီ အမျိုးသားလူငယ်တစ်ဦး ကလစ်အနက်ရောင်ဆိုင်ကယ်နှင့် လိုက်လာ၍ လုယူထွက်ပြေးသွားကြောင်း ဦးဇော်ဝမ်းမှ တံတားလုံခြုံရေးရဲကင်းသို့ အကြောင်းကြားခဲ့ပါသည်။
၎င်းမှတဆင့် ရဲစခန်းသို့သတင်းပို့ရာ တိုင်းမှု/ကူမှ ရဲအုပ်မျိုးနိုင် ခရိုင်မှု/ကူမှ ရဲအုပ်မျိုးလွင်နှင့်အဖွဲ့ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုး နယ်ထိန်းအရာရှိရဲအုပ်သိန်းဌေးနှင့် နယ်ထိန်းအဖွဲ့ နှင့် နယ်မြေရဲကင်းတပ်ဖွဲ့ဝင်များ ရပ်ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်များ နေ့လှည့်ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်များ ပခုက္ကူမြို့ရှိ တက်ကြွလူငယ်များမှ စုပေါင်းပိတ်ဆို့ လိုက်လံဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ ဝင်းကိုကို (ခ) ထုံထုံ (မြိုင်သာယာကွက်သစ်)နေသူအား မြို့ရှောင်လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ အားစစ်ဆေးရာ အေးချမ်းအောင် (မြိုင်သာယာကွက်သစ်)နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပခုက္ကူမြို့ပေါ်တွင် ဖြစ်ပွားတိုင်တန်းခြင်း မရှိသည့် လုယက်မှုများကိုပါ စစ်ဆေးဖော်ထုတ်လျှက်ရှိပါသည်။
ဆက်လက်စစ်ဆေးပေါ်ပေါက်လျှက်ရှိပြီး ပေါ်ပေါက်သည့် အမှုများ/နေရာများနှင့်သိမ်းဆည်းရမိပစ္စည်းများကို ထပ်မံဖော်ပြသွားပါမည်။
သားချောဗညား
by သစ်ထူးလွင်
ပခုက္ကူ မှ လုယက်မှုများ ဖော်ထုတ်ဖမ်းမိ  ပခုက္ကူ  မှ လုယက်မှုများ ဖော်ထုတ်ဖမ်းမိ Reviewed by THITHTOOLWIN on 04:50 Rating: 5
Powered by Blogger.