ဦးနိုင်ငံလင်းကို ဓါးနဲ့ခုတ်သူ ၃ ဦး ထောင်ကျ

မဲဆွယ်စည်းရုံးနေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က သာကေတမြို့နယ် မှာ တွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ လက်ရှိ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးစဉ် ဓါးနဲ့ဝင်ခုတ်ခဲ့သူ ၃ ဦးကို သာကေတမြို့နယ် တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
တရားခံ ၃ဦးကို တရားရုံးက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကို တရားလိုရှေ့နေ ဦးကျော်လှက အခုလိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃၀ ရက်နေ့က သာကေတမြို့နယ် မာန်ပြေရပ်ကွက်မှာ အောင်နိုင်ရေးကားနဲ့ ဦးနိုင်ငံလင်း လှည့်လည် မဲဆွယ်စည်ရုံးစဉ်မှာ မြို့ခံသုံးဦးက ဓါးနဲ့ ၀ိုင်းခုတ်ခဲ့ကြတာကြောင့် ဦးနိုင်ငံလင်း ဦးခေါင်းနဲ့ လက်မှာ ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသခဲ့ရပါတယ်။
အဲ့ဒီအမှုကို သာကေတမြို့နယ်တရားရုံးမှာ ၉ လကြာစစ်ဆေးခဲ့ပြီး ဒီနေ့ အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးနိုင်ငံလင်းကို ဓါးနဲ့ခုတ်သူ ၃ ဦး ထောင်ကျ  ဦးနိုင်ငံလင်းကို ဓါးနဲ့ခုတ်သူ ၃ ဦး ထောင်ကျ Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.