နမ်ခမ်းမြို့နယ် မန့်ဟောင်းကူးတို့ဆိပ်တွင် စက်လှေပေါ်မှကုန်တင်ကား တစ်စီး ရွှေလီမြစ်ထဲချော်ကျ စက်လှေသမားနှင့် ကားဒရိုင်ဘာ ပျောက်ဆုံး


စက်တင်ဘာလ ၄ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟောင်းကူးသို့ဆိပ်တွင် စက်လှေပေါ်မှ ကုန်တင်ကားတစ်စီး ပြုတ်ကျမှု စက်တင်ဘာ(၄)ရက် နေ့မွန်းလွဲ ပိုင်း က ဖြစ်ပွားခဲ့ကြောင်း မန့်ဟောင်းရွာသားတစ်ဦး ထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက်နေ့ က ရွှေလီဘက်ခြမ်း တရုတ်ပြည်ဘက် မှလာသည့် ကုန်တင်ကား တင် စက်လှေသည် မွန်းလွှဲ ၂း၃၀ က နမ့်ခမ်းမြို့ မန့်ဟောင်း ကူးတို့ဆိပ် ကမ်းကပ် သည့်အချိန် တွင်ချော်ကျခဲ့ကြောင်း၊ ကား သမားတစ်ဦးနှင့် လှေသမားတစ်ဦးပါ ရွှေလီမြစ်ထဲသို့ ကျသွားကြောင်း ၊ ဒေသခံများက စက်ကိရိယာများနှင့် လူအင်အားများပါ ၀ိုင်းဝန်းရှာဖွေ ခဲ့သော်လည်း မိုးချုပ်သည့်အထိ မတွေ့ရကြောင်း၊ အဆိုပါကားကိုရွှေ လီမြစ်ကမ်းဘေးသို့ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း မန့်ဟောင်းကူးတို့ဆိပ် အလုပ်သမား တစ်ဦးပြောသည်။

၎င်းက " စိုင်းကျော်လှ မောင်းလာတဲ့ကားလေ။ တရုတ် ပြည်ဘက်က ပျဉ်ပြားတွေ တင်လာတယ် ။ ဒီဘက်ကမ်း တက်မယ် လုပ်တော့ စက်လှေ သမား စိုင်းမိုးကျော်က စပယ်ယာလုပ်ပေးတယ် ။ တအားလေးတော့ လမ်းချော်သွားတာ။ ကားသမားရော လှေသမားပါ ရေထဲပါသွား တယ်၊ ကားဆရာက တစ်ခဏပေါ်လာခဲ့ ပေမယ့် အချိန်မမှီလိုက် ဘူး။ ပြန်မြုပ် သွားတယ်။ စက်လှေသမားက လုံးဝ ပေါ်မလာဘူး။ ဒီတ၀ိုက်ကရွာသားတွေ လာဝိုင်းကူရှာတယ်၊စက် ကိရိယာရော လူအင်အားပါညမိုးချုပ်အထိ လိုက်ရှာပေမယ့် မတွေ့သေးဘူး၊ကားကိုေ တာ့ မြစ်ကမ်းဘေးကို ဆယ်ယူနိုင်ခဲ့ပြီ´´ဟုပြောခဲ့သည်။

၂ ဘက်ကမ်းကိုသွားလာဆက်သွယ်သည့် စက်လှေနှင့်ကားများ လူများ သည် ရွှေလီမြစ်အတွင်း နှစ်စဉ်နှစ်တိုင်း ရေနစ်သေ ဆုံးမှု ဖြစ်ပွား ခဲ့သည်ဟု ဒေသတွင်းနေလူထုကပြောသည်။

၂၀၁၅ခု ဧပြီလ သင်္ကြန်ကာလအတွင်းကလည်း မန့်ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ သား လည်း အဆိုပါရွှေလီမြစ်ထဲတွင်ရေနစ်သေဆုံး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓါတ်ပုံ- ကုန်ကားကျသွားသည့်နေရာ (Photo: TMMG)
သျှမ်းသံတော်ဆင့် / (S.S.M & S.L )
Panglong(Burmese)
https://www.facebook.com/Panglong.burmese
နမ်ခမ်းမြို့နယ် မန့်ဟောင်းကူးတို့ဆိပ်တွင် စက်လှေပေါ်မှကုန်တင်ကား တစ်စီး ရွှေလီမြစ်ထဲချော်ကျ စက်လှေသမားနှင့် ကားဒရိုင်ဘာ ပျောက်ဆုံး  နမ်ခမ်းမြို့နယ် မန့်ဟောင်းကူးတို့ဆိပ်တွင် စက်လှေပေါ်မှကုန်တင်ကား တစ်စီး ရွှေလီမြစ်ထဲချော်ကျ စက်လှေသမားနှင့် ကားဒရိုင်ဘာ ပျောက်ဆုံး Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.