ပြည်ကြီးတံခွန်မြို့နယ်(စ) ရပ်ကွက်၌် မီးလောင်မှုဖြစ်ပွား


မန္တလေး စက်တင်ဘာ ၂၃

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် ၅၄လမ်းx ၅၅လမ်းကြား၊ ဗန္ဓုလလမ်းနှင့် ကျန်စစ်သားလမ်းကြား၌ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က နေအိမ်လေးလုံး မီးလောင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်ပွားခဲ့ရာတွင် Level 2 အဆင့် ရှိကာ သွပ်မိုး ထရံကာ နှစ်ထပ်အိမ်တစ်လုံး၊ သွပ်မိုး ထရံကာ တစ်ထပ်အိမ်နှစ်လုံးနှင့် နှစ်ထပ်တိုက် အခန်းတစ်ခန်း မီးလောင် ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာနေရာသို့ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ မီးငြှိမ်းသတ်ယာဉ် အစီး ၅ဝ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၅ ဦး၊ အရန်မီးသတ် ၁၂ဝ နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ လာရောက်ကူညီငြှိမ်းသတ်ခဲ့ကြပြီး မီးလောင် မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် ထထ-၃၄/၇၁ အိမ်ပိုင်ရှင် မနိုင်နိုင်မော်အား မြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး မီးစတင်လောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်ကြီးတံခွန်မြို့နယ်(စ) ရပ်ကွက်၌် မီးလောင်မှုဖြစ်ပွား ပြည်ကြီးတံခွန်မြို့နယ်(စ) ရပ်ကွက်၌် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:36 Rating: 5
Powered by Blogger.