ဗောဓိတစ်ထောင် သာသနာ့နယ်မြေအနီး ကြက်တိုက်လောင်းကစားနေသူများကို မုံရွာနယ်မြေရဲစခန်းက ၀င်ရောက်ဖမ်းဆီး


မုံရွာ၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် တောင်ကြားကျေးရွာနှင့် ခတ္တက္ကန်(မြောက်)ရွာအကြား ဗောဓိတစ်ထောင် သာသနာ့နယ်မြေအနီးနေရာတွင် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ကြက်တိုက်လောင်း ကစားလျက်ရှိသည်။ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းက ဖမ်းဆီးအရေး ယူဆောင်ရွက်ရန် လမ်းညွှန်မိန့်ကြားခဲ့သည်။


အဆိုပါ ညွှန်ကြားချက်များအရ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့က စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ၎င်းကြက်ဝိုင်းအား စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့ရာ ကြက်တိုက်လောင်းကစားရာတွင် လာရောက်သူများအသုံးပြုသည့် ဆိုင်ကယ်မျိုးစုံ(၄၁)စီး၊ တိုက်ကြက်ဖနှစ်ကောင်၊ လောင်းကြေးငွေ နှစ်သိန်းကျော်နှင့်အတူ ကြက်တိုက်လောင်းကစားသည့်နေရာတွင် ရောက်ရှိနေသူ လူ(၁၁)ဦးတို့အား ဖမ်းဆီးရရှိခဲ့သည်။


ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းက ဗောဓိတစ်ထောင် သာသနာ့နယ်မြေအနီး ကြက်တိုက်လောင်းကစားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှိသည်။

အဆိုပါ ကြက်တိုက်လောင်းကစား ဖမ်းဆီးရရှိမှုသည် စစ်ကိုင်းတိုင်းဒေသကြီး၏ ဒုတိယ ရက်တစ်ရာ စီမံချက်ကာလတွင်း ဖမ်းဆီးရရှိမိသော လောင်းကစားမှုများတွင် ဖမ်းဆီးရရှိမိသော ပစ္စည်းအရေအတွက်မှာ ပထမအများဆုံးသော လောင်းကစားမှုကြီးဖြစ်ကြောင်း သတင်းမှတ်တမ်းများအရ သိရျှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
ဗောဓိတစ်ထောင် သာသနာ့နယ်မြေအနီး ကြက်တိုက်လောင်းကစားနေသူများကို မုံရွာနယ်မြေရဲစခန်းက ၀င်ရောက်ဖမ်းဆီး ဗောဓိတစ်ထောင် သာသနာ့နယ်မြေအနီး ကြက်တိုက်လောင်းကစားနေသူများကို မုံရွာနယ်မြေရဲစခန်းက ၀င်ရောက်ဖမ်းဆီး Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.