လှိုင်သာယာမှာ မာကျောက်ဝိုင်း ဖမ်းမိ

မာကျောက်လောင်းကစားနေသည့် တရုတ်နိုင်ငံသား(၅)ဦးနှင့် စကားပြန်(၁)ဦးတို့အား လောင်းကြေးငွေကျပ်(၅၅)သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၆

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၄)ရပ်ကွက်၊ ရွှေနှင်းဆီ(၂)လမ်းရှိ တရုတ်နိုင်ငံသား Mr.Xa Hai Bo (၄၈)နှစ် ဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်း (ပတ်စ်ပို့အမှတ် E-20635028၊ ဗီဇာအမှတ် C-671222 ၊ အမျိုးအစား Business) ၏နေအိမ်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့သည်။

 အိမ်ရှင် Mr.Xa Hai Bo နှင့် ဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား Mr.Cao Guoan(၄၆)နှစ် ပါ တရုတ်နိုင်ငံသား(၄)ဦး၊ မရမ်းကုန်းမြို့နယ်နေ စကားပြန် မဇင်မာထက်(၂၀)နှစ် တို့အား လျှပ်စစ်သုံးမာကျောက်ဇယ်ခုံ(၁)ခုနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ်(၅,၅၈၀,၀၀၀) ကျပ်၊ တရုတ်ယွမ်(၁၄,၇၀၀)ယွမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် Mr.Xa Hai Bo ပါ (၆)ဦးတို့အား လှိုင်သာယာမြို့မ ရဲစခန်း(ပ) ၁၈၉၆/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/ ၁၄(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
လှိုင်သာယာမှာ မာကျောက်ဝိုင်း ဖမ်းမိ  လှိုင်သာယာမှာ မာကျောက်ဝိုင်း ဖမ်းမိ Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.