နိုင်ငံခြားသား ၈၀၀ ကျော်ကို အမေရိကန်နိုင်ငံသားအဖြစ် မှားယွင်းအသိအမှတ်ပြုခဲ့

အမေရိကန်နိုင်ငံသားအဖြစ်လက်ခံရရှိစဉ်
အမေရိကန်အစိုးရဟာ မူလဌာနေနိုင်ငံတွေ ကို ပြန်ပို့သင့်တဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူ ၈၀၀ ကျော်ကို အမေရိကန်နိုင်ငံသားအဖြစ် မှားယွင်းစွာပေးအပ်ခဲ့ပါတယ်။ အမိမြေလုံခြုံရေးဌာနရဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စစ်ဆေးမှု ပြုလုပ်ရာမှာ အခုလို ရှာဖွေတွေ့ရှိခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိတာ ဒါမှမဟုတ် လိမ်လည်ပြီး ရွှေ့ပြောင်း အခြေချနေထိုင်ခွင့်ရရှိအောင် ဆောင်ရွက်သူနှုန်းများတဲ့ နိုင်ငံတွေက လူဦးရေ ၈၅၈ ယောက်ကို နိုင်ငံသားခံယူခွင့် ပေးအပ်ခဲ့တယ်လို့ တနင်္လာနေ့က ထုတ်ပြန်လိုက်တာပါ။

အမိမြေလုံခြုံရေးဌာန စစ်ဆေးရေးအရာရှိချုပ် John Roth က ဒီရွှေ့ပြောင်းအခြေချ နေထိုင်သူတွေဟာ နိုင်ငံသားခံယူဖို့ လျှောက်လွှာတင်ရာမှာနာမည်တုတွေ၊ မွေးသက္ကရာဇ်အတုတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အချက်အလက်စုဆောင်းထားတဲ့ အစိုးရရဲ့ Database မှာ အဲဒီနိုင်ငံသား လျှောက်ထားသူတွေရဲ့ လက်ဗွေရာတွေ ပျောက်ဆုံးနေတာကြောင့် အခုလို မှားယွင်းတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မှားယွင်းစွာ နိုင်ငံသားခံယူခွင့် ပေးအပ်ခဲ့သူတွေထဲက ၃ ဦးထက်မနည်း ဟာ နောက်ခံကိုယ်ရေးအချက်အလက်တွေကို အသေးစိတ် စိစစ်ပြီးမှာ အလုပ်ရရှိနိုင်တဲ့ လေဆိပ်တွေနဲ့ ရေကြောင်းဆိုင်ရာဌာနလို နေရာတွေမှာ အလုပ်လုပ်ခွင့်ရရှိခဲ့ပြီး စတုတ္ထမြောက် တဦးကတော့ ရဲဝန်ထမ်းတဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တုန်းကလည်း စုံစမ်းစစ်ဆေးသူတွေဟာ သံသယဖြစ်ဖွယ်ကောင်းတဲ့ တခြား ၉၅၃ ဦး ရှာတွေ့ခဲ့ပါသေးတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နိုင်ငံခြားသား ၈၀၀ ကျော်ကို အမေရိကန်နိုင်ငံသားအဖြစ် မှားယွင်းအသိအမှတ်ပြုခဲ့  နိုင်ငံခြားသား ၈၀၀ ကျော်ကို အမေရိကန်နိုင်ငံသားအဖြစ် မှားယွင်းအသိအမှတ်ပြုခဲ့ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.