ကျောက်ခွက်-လက်ပံတို ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံ ပိုက်လိုင်းပေါက်မှုဖြစ်ပွား


ပခုက္ကူ စက်တင်ဘာ ၂၈

ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် ၂ ရပ်ကွက်နေ ဦးမျိုးဝင်း၏ နေအိမ်ဝင်း အတွင်း တွင် ကျောက်ခွက်- လက်ပံတို ရေနံမြေ များမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သောရေနံ ပိုက်လိုင်း ပေါက်မှု ယနေ့ နံနက် ၇ နာရီခွဲခန့် က ဖြစ်ပွား ရာ ရေနံများယိုစိမ့်ခဲ့သည်။


အဆိုပါ ရေနံပိုက်လိုင်း ပေါက်သည့်နေရာသို့ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နွယ်၊ ကမ္မမြို့အုပ်ချုပ် ရေးမှူး ဦးမင်းသက်ခိုင်၊ မြစ်ခြေ မီးသတ်နယ်မြေ စခန်းမှူး ဦးစည်သူအောင်နှင့် မီးသတ်၊ရဲ တပ်ဖွဲ့ဝင်များ၊ ချက်ချင်း သွားရောက် ခဲ့ပြီး၊ ရေနံမှတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ရာ ယာကြီးတောင်ရေနံမြေမှ အထွေထွေမန်နေဂျာ ဦးသန်းနိုင်နှင့် ၊လက်ပံတိုရေနံမြေမှ တာဝန်ရှိသူ များရောက်ရှိပြင် ဆင် ရာနံနက်၁၀နာရီအချိန်ခန့်တွင် ပြီးစီးကြောင်း သိရှိရ သည်။


ရေနံပိုက်လိုင်း ပေါက်၍ ရေနံယိုစိမ့်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိသော်လည်း ပြီးခဲ့သည့် သြဂုတ်လ အတွင်း ကလည်း ၄ နေရာပေါက်ခဲ့ ဖူးကြောင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ၊ပေါက်မြို့နယ် လက်ပံတိုရေနံမြေများမှ ထွက်ရှိသော ရေနံများအား ပခုက္ကူမြို့နယ် အရာတော်ရေနံမြေသို့ ဆက်သွယ်ပေးပို့သော အဆိုပါ ပိုက်လိုင်းသည် သက်တမ်း နှစ် ၂၀ ကျော် ရှိကြောင်း ကမ္မမြို့ လူနေရပ်ကွက် အတွင်းဖြတ်သန်းဆက်သွယ်ထား သဖြင့် ယခုကဲ့သို့ အကြိမ်ကြိမ် ပိုက်လိုင်းပေါက်၍ ရေနံယိုစိမ့်မှု များဖြစ်နေ သဖြင့် ဒေသခံပြည်သူများ သတိမထားမိချိန် ဖြစ်ပွားပါက အန္တရာယ် များကြောင်း ကမ္မမြို့ပြည်သူများက စိုးရိမ်တကြီးပြောကြားကြောင်းသိရသည်။

ကိုဇော်(ဓာတု)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်ခွက်-လက်ပံတို ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံ ပိုက်လိုင်းပေါက်မှုဖြစ်ပွား  ကျောက်ခွက်-လက်ပံတို ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံ ပိုက်လိုင်းပေါက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:15 Rating: 5
Powered by Blogger.