နှာခေါင်းကြီးဆေး ထိုးလိုက်လို့  ဘ၀ပျက်သွားတဲ့ မော်ဒယ်


၁၁-၉-၂၀၁၆

ဖိလစ်ပိုင် နိုငင်ငံက မော်ဒယ်မင်းသားဘ၀ မှာ အောင်မြင်နေတဲ့ အသက် (၂၄ )နှစ် အဲလိုအယ်ဗီ ဆို အတွက် အနောက်တိုင်းက မင်းသားတွေလို့  နှာတန်မျိုးဖြစ်အောင် ဈေးပေါပေါနဲ့  ပြုပြင်ခဲ့လို့ နာခေါင်းပျက်စီးသွားခဲ့တာကြောင့် မော်ဒယ်မင်းသားဘ၀ကနေ ခုတော့ ဈေးရောင်းစားနေရကြောင်း သိရပါတယ်။


၂၀၁၄ ခုနှစ်က ဖိလစ်ပိုင် ပီဆို ၅၀၀ (၈ ဒေါ်လာ)သာပေးရပြီး ဈေးပေါပေါ နဲ့  နှာခေါင်း ကြီးဆေး ထိုးပေးခဲ့တဲ့ ဆရာဝန် ကြောင့် လပိုင်းအတွင်း မှာ သူ့ ရဲ့ နှာခေါင်းဟာ မခံမရနိုင်အောင် နာကျင် လာပါတယ်။

မော်ဒယ်ရဲ့  နှာခေါင်းအတွင်းမှာ ထိုးပေးခဲ့တဲ့ ဆေးကနေ အဆိပ် ဖြစ်တယ် အတွင်းမှာအနာဖြစ်ပြီး အနာကို ပိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ နှာခေါင်းကိုခုနှစ်ကြိမ်လောက်ခွဲစိတ်ကုသခံရ အပြီးမှာ နှာခေါင်းက အသားတွေဖြတ်ထုတ်ခဲ့ရပါတယ်။

နှာခေါင်းပျက်သွားတာကြောင့် မော်ဒယ်ဘ၀ကိုလည်း စွန့် လွတ်ခဲ့ရပါပြီ၊ ခုတော့ သူ့ ရုပ်ဖျက်ဆီး လိုက်တဲ့ အပ်ပုန်း ဆရာဝန်ကို တရားစွဲဘို့  ရဲစခန်း မှာ တိုင်ချက်ဖွင့်ထားတယ်လို့  သိရပါတယ်။

Social Action for Women - SAW
နှာခေါင်းကြီးဆေး ထိုးလိုက်လို့  ဘ၀ပျက်သွားတဲ့ မော်ဒယ်  နှာခေါင်းကြီးဆေး ထိုးလိုက်လို့  ဘ၀ပျက်သွားတဲ့ မော်ဒယ် Reviewed by THITHTOOLWIN on 09:59 Rating: 5
Powered by Blogger.