ဝတ်ရွတ်စဉ် အသံချဲ့စက် မိုက်ကြိုးဖြုတ်ခဲ့သူ နိုင်ငံခြားသား အမှု ဆက်လက်စစ်ဆေး


စက်တင်ဘာ ၂၉ ။

မန္တလေး၊ မဟာအောင်မြေမြိုနယ်၊ ရတနာဘုမ္မိ အရှေ့၊ သုစရိတဓမ္မာရုံတွင် စက်တင်ဘာ၂၃-ရက် ညက ၀တ်ရွတ် နေစဉ် အသံချဲ့စက် မိုက်ကြိုးများ ဆွဲဖြုတ်ခဲ့သည့် နယ်သာလန်နိုင်ငံသား အမှုကို စက်တင်ဘာ၂၉- ရက်၊က မဟာအောင်မြေတရားရုံးတွင် တရားလိုနှင့် သက် သေများအား စစ်ဆေး ခဲ့သည်။

အဆိုပါ နိုင်ငံခြားသားမှာ ရာဇသတ်ကြီးပုဒ်မ၂၉၅နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ(၄)၂/၁၃(၁)ဖြင့်၊တရားရင်ဆိုင်နေရ၍ စက်တင်ဘာ၂၈-ရက်နေ့ပထမ ရုံးချိန်းတွင်(လ၀က)နှင့်နယ်သာလန်နိုင်ငံသားတို့ အားစစ်မေးခဲ့သည်။

“နိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့ဘာသာသာနာ ဓလေ့ထုံး တမ်းစဉ်လာတွေကို လိုက်နာရမယ်ဆိုတာ ဗီဇာလျှောက် ထားစဉ်ကလက်မှတ်ရေးထိုးရတယ်။ခုဖြစ်စဉ်မှာ ဗီဇာ စည်းကမ်းနဲ့ မညီပါဘူး။”ဟု လ၀က)ဦးစီးမှုးက ပထမရုံးချိန်းတွင် ထွက်ဆိုသည်။


နယ်သာလန်နိုင်ငံသားMr. KLAAS HAYTEMA (၃၀နစ်)က မန္တလေးမြို့အခင်းဖြစ်ရာအနီးရှိ FOUR RIVERS တွင် တည်းခိုခြင်းဖြစ်ပြီး ၄င်းအနေနှင့် ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘာသာရေး အဆောက်အဦမှန်း မသိရှိပါဟု ထွက်ဆိုခဲ့သည်။

စက်တင်ဘာ ၂၉-ရက်တွင် တရားလိုဖြစ်သူ ၀တ်အသင်း ခေါင်းဆောင်ဦးကျော်ဆန်းနှင့် သက်သေများ ၂ ဦးအား စစ်မေးသည်။

“မျက်လုံးမှိတ်ပြီး ၀တ်ရွတ်နေတယ်။ စက်သံမကြားမှ သတိထားမိတယ်။နိုင်ငံခြားသား တစ်ဦးဝင်လာပြီး အသံချဲ့စက်ကြိုးတွေဖြုတ်သွားတာသိတယ်။ သူတည်းတဲ့ဟိုတယ်သွားတော့ နိုင်ငံခြားသားက ဓမ္မာရုံထဲဖိနပ်စီးပြီး အသံချဲ့စက်ကြိုးတွေဖြုတ်သွား တာသိတယ်”ဟုဦးကျော်ဆန်းကထွက်ဆိုသည်။

သက်သေ ဦးချစ်ဆန်းကထွက်ဆိုရာတွင်“ဟိုတယ်ဝန် ထမ်း နှစ်ယောက်ကိုဒီမှာတည်းတဲ့နိုင်ငံခြားသားက ပျက်စီးတာတွေပြင်ပေးဖို့နဲ့ တောင်းပန်ဖို့ ပြောတယ်။ဒီမှာမရှိဘူးချည်းပဲ ငြင်းနေတာရယ်၊လူအုပ်စုများလာ လို့-သက်ဆိုင်ရာနဲ့ရှင်းတော့ဆိုပြီး ရဲကို ဖုန်းဆက်ခဲ့ တယ်။“ဟု ဆိုသည်။

” ၀တ်ရွတ်တာကို မမြင်ဘူးလို့ လာလေ့လာတယ်လို့ ထင်နေတယ်။သူ့ကိုလှည့်ကြည့်တော့ သူက အင်္ဂလိပ် လိုတွေ လှမ်းပြောတယ်။ကျွန်မတို့လည်းနားမလည် လို့ဆက်ပြီးဝတ်ရွတ်တာပါ။အသံချဲ့စက်ကြိုးဖြုတ်
ပြီး ထွက်သွားတယ်”သက်သေဒေါ်ဥမ္မာချိုက ထွက်ဆို သည်။

တရားခွင်စစ်ဆေးမှုကို မွန်းလွဲ၂ နာရီ ခွဲကျော်က စတင်စစ်ဆေးခဲ့ပြီး ညနေ ၅နာရီအချိန်တွင် ပြီးစီးကာ စက်တင်ဘာ ၃၀-ရက်နေ့သို့ထပ်မံချိန်းဆိုခဲ့သည်။

Mandalay News
https://www.facebook.com/lin.aung.777/
ဝတ်ရွတ်စဉ် အသံချဲ့စက် မိုက်ကြိုးဖြုတ်ခဲ့သူ နိုင်ငံခြားသား အမှု ဆက်လက်စစ်ဆေး  ၀တ်ရွတ်စဉ် အသံချဲ့စက် မိုက်ကြိုးဖြုတ်ခဲ့သူ နိုင်ငံခြားသား အမှု ဆက်လက်စစ်ဆေး Reviewed by THITHTOOLWIN on 22:57 Rating: 5
Powered by Blogger.