ဓားထောက်လုယက်မှု ရွှေပြည်သာတွင်ဖြစ်ပွား


ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်တွင် ၂၀၁၆ စက်တင်ဘာလ ၃ ရက် ည ၈နာရီခွဲက အမှတ်(၂)ရပ် ကွက်၌ သမီးရည်းစား စုံတွဲကို အမည်မသိ လူသုံးဦးက ဓားထောက် လုယက်မှုခဲ့ဖြစ်ကြောင်းရွှေပြည်သာ မြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ကျော်ကျော်လတ် ဆိုသူလူငယ်တစ်ဦးနှင့် ရည်းစား ဖြစ်သူမဇင်နှင်းဝေတို့သည် အမှတ် (၂)ရပ်ကွက် ယင်းမာမြတ်နိုးသစ် စက်ရှေ့လမ်းမပေါ်တွင် လက်ဖက်ရည်ဆိုင်မှထွက်လာပြီးလမ်းလျှောက် ပြန်လာစဉ် အမည်မသိလူသုံးဦးက နောက်မှလိုက်လာခဲ့ကြောင်း သိရသည်။

 လူသွားလာမှုကင်းရှင်း သောနေရာ အရောက်တွင် အမည်မသိလူသုံးဦးထဲမှ တစ်ဦးက မဇင်နှင်းဝေ၏လည်ပင်းအား ဓားဖြင့် ထောက်ပြီး ကျော်ကျော်လတ်ကိုလည်း ဓားနှောင့်ဖြင့်ထု ပြစ်မည်ဟု ကြောက်လန့်အောင်ပြောဆိုပြီး ထိုင်ခိုင်းခဲ့သည်။

 ကျန်နှစ်ဦးက ''မအော်နဲ့ပါလာတာ အကုန် ထုတ်''ဟုပြောဆို၍ ဘောင်းဘီ အိတ်ထဲတွင် ထည့်ထားသော MEIZU Note 3 အမျိုးအစားမီးခိုး ရောင်လက်ကိုင်ဖုန်းတစ်လုံး တန်ဖိုး ငွေ ကျပ် ၂၂ဝဝဝဝနှင့် Huawei 730 အမျိုးအစား အဖြူရောင်လက်ကိုင် ဖုန်းတစ်လုံးတန်ဖိုးကျပ် ၁၆ဝဝဝဝ၊ ကျားလက်ပတ်နာရီ တစ်လုံး တန်ဖိုးကျပ် ၃၅ဝဝဝ စုစုပေါင်းတန်ဖိုးကျပ် ၄၁၅ဝဝဝ ကိုလုယူပြီး ဆိုင်ကယ်နှင့်ထွက်ပြေးသွားခဲ့ကြောင်း လာရောက် တိုင်တန်းသော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စခန်း မှူးဒုရဲမှူးဝင်းမြင့်ကအခင်းဖြစ်ပွား ရာနေရာသို့ သွားရောက်စုံစမ်းခဲ့ပြီး စခန်းက (ပ)၉၈ဝ/၂ဝ၁၆ ရာဇ သတ်ကြီးပုဒ်မ ၃၈၂/၁၁၄ဖြင့်အမှု ဖွင့်လှစ်ထားရှိပြီး တရားခံများကို အမြန်ဆုံးဖမ်းဆီးရ မိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(ရွှေပြည်သာ)
The Union Daily
https://www.facebook.com/uniondaily.net
ဓားထောက်လုယက်မှု ရွှေပြည်သာတွင်ဖြစ်ပွား  ဓားထောက်လုယက်မှု ရွှေပြည်သာတွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.