ကော့သောင်း ပုလုံးတုံးတုံးရွာ၌ ပင်လယ် ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး


၂၀၁၆ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀နာရီ ၄၅ မိနစ် အချိန်ခန့်တွင် လေပြင်း တိုက်ခတ်ပြီး ဒီရေတက်ကာ ရေလှိုင်း ရိုက်ခတ်မှုကြောင့် ကော့သောင်းမြို့ ပုလုံးတုံးတုံ ကျေးရွာ စွယ်တော်လမ်းရှိ နေအိမ်များနှင့် ဂိုဒေါင် ၊ တံတား များ ပြိုကျ ပျက်စီးခဲ့ကြောင်း သိရ ပါတယ်။


အဆိုပါ လှိုင်းရိုက်ခတ်မှုကြောင့် ၄င်းရွာရှိ ဦးထွန်းရှိန် နေအိမ် (ပြိုကျ ဆုံးရှုံးတန်ဖိုး ၃၀.သိန်းကျပ်ခန့်)၊ ဦးထွန်းဦး နေအိမ် (ပြိုကျ ဆုံးရှုံး တန်ဖိုး ၁၁၀ သိန်းကျပ်ခန့်)၊ ဦးအောင်ဇော်နိုင် နေအိမ်(ပြိုကျ ဆုံးရှုံး တန်ဖိုး ၅၀သိန်းကျပ်ခန့်)၊ ဦးသူရအောင် ၀ပ်ရှော့ ဂိုဒေါင် (ပြိုကျ ဆုံးရှုံး တန်ဖိုး ၁၅၀ သိန်းကျပ်ခန့်)၊ ဒေါ်နုနုဝင်း နေအိမ် (ပျက်စီး ဆုံးရှုံးတန်ဖိုး ၂.သိန်းကျပ်ခန့်)၊ ဦးမျိုးကျော် နေအိမ်(ပျက်စီး ဆုံးရှုံးတန်ဖိုး ၂ သိန်းကျပ်ခန့်)၊ ဦးမိုးအောင် နေအိမ် (ပျက်စီး ဆုံးရှုံးတန်ဖိုး ၇ သိန်းကျပ်ခန့်)၊ ဦးညဏ်မြင့် နေအိမ်(ပျက်စီး ဆုံးရှုံး တန်ဖိုး ၁၀ သိန်းကျပ်ခန့်)၊ ဦးကျော်မြင့် လှေ(ပျက်စီး ဆုံးရှုံးတန်ဖိုး ၁၆ သိန်းကျပ်ခန့်)၊စွယ်တော် ၁ လမ်းရှိ မျောတိုင် ပျဉ်ခင်း တံတား (ပျက်စီး တန်ဖိုး ၅ သိန်းကျပ်ခန့်) စွယ်တော် ၂ လမ်းရှိ မျောတိုင်ပျဉ်ခင်း တံတား (ပျက်စီး ဆုံးရှုံးတန်ဖိုး ၁၅ သိန်းကျပ်ခန့်)၊ စွယ်တော် ၃ လမ်း မျောတိုင် ပျဉ်ခင်းတံတား (ပျက်စီး ဆုံးရှုံး တန်ဖိုး ၁၀ သိန်းကျပ်ခန့်) ပျက်စီး ဆုံးရှုံး ပါတယ်။


ပျက်စီးဆုံးရှုံးခဲ့တဲ့ မိသားစုများ အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး မြို့နယ်အုပ်ချုပ် ရေးမှူး မီးသတ်တပ်ဖွဲ့ဝင်များ လူကယ်ပြန်အဖွဲ့ တို့မှ ကယ်ဆယ် ထောက်ပံရေးများ ဆောင်ရွက် ပေးခဲ့ပြီး ကော့သောင်း ရဲတပ်ဖွဲ့မှ ဆန် ၃အိပ် ဆီ ၃ပုံး မာမာ ၃ ဖာ၊ မြို့အုပ်ချုပ်ရေး အဖွဲ့ မှ ဆန် ၁အိပ်၊ လူကယ် ပြန်မှ မိသားစု တစ်စုလျှင် ခြင်ထောင် ၁လုံး ဒန်အိုး တစ်လုံး လုံချည် တစ်ထည်စီ ကူညီ ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။

သတင်းဓာတ်ပုံ - သုခမိန်
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ