ပြေးမလွတ်တော့လို့ ဇနီးကို ဓါးစာခံ လုပ်ခဲ့သူ မူးယစ်တရားခံ ကျည်ဆံ အချက်ပေါင်းများစွာ ထိမှန်သေဆုံး

 6-9-2016။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး မှုနဲ့  အလိုရှိနေသူ တရားခံပြေး စူတိဖုန်း Suttiporn (၂၆ )နှစ်ကို စက်တင်ဘာလ (၆)ရက်နေ့ နေ့ လည်ပိုင်းမှာ ကန်ချန ဘူရီပြည် နယ်က သူပုန်းအောင်းနေတဲ့ နေရာကို ရဲနဲ့  စစ်တပ် အင်အား (၁၀၀)ပူးပေါင်းပြီး ပိတ်ဆို့ ဖမ်းဆီးခဲ့ပါတယ်။

စူတိဖုန်းဟာ ပြီးခဲ့တဲ့ လက ရာဘ စိတ်ကြွဆေးပြား ( ၂၅၀၀၀ )နဲ့  အတူ ဖမ်းမိခဲ့တာကို အဖမ်းမခံဘဲ ရဲတွေကို သေနတ်နဲ့  ပစ်ခတ်ထွက်ပြေး လွတ်မြောက်သွားခဲ့သူ ဖြစ်ပါတယ်။


ယခုတကြိမ်မှာ တော့ သူပြေးမလွတ်တော့မှန်းသိသွားပြီး ဇနီးဖြစ်သူ ဦးခေါင်းကို သေနတ်နဲ့  ထောက်ထားပြီး ဓါးစားခံလုပ်ထားရင်း ထွက်ပြေးဘို့  ကြိုးစားခဲ့ပါတယ်။

ရဲနဲ့  စစ်တပ် ၀ိုင်းပစ် လို့ စူတိဖုန်းဟာ ကျည်ဆံအချက်ပေါင်းများစွာမှန်ပြီး သေဆုံးသွားခဲ့ပါပြီ ၊ သူဓါးစာခံလုပ်ထားတဲ့ သူ့ ဇနီးကတော့ ကျည်ဆံ နှစ်ချက်ထိသွားပြီး အရေးပေါ် ဆေးရုံတင် ခဲ့ရပါတယ်။

(saw)
Credit daily newsco,th
Social Action for Women - SAW
ပြေးမလွတ်တော့လို့ ဇနီးကို ဓါးစာခံ လုပ်ခဲ့သူ မူးယစ်တရားခံ ကျည်ဆံ အချက်ပေါင်းများစွာ ထိမှန်သေဆုံး  ပြေးမလွတ်တော့လို့ ဇနီးကို ဓါးစာခံ လုပ်ခဲ့သူ မူးယစ်တရားခံ ကျည်ဆံ အချက်ပေါင်းများစွာ ထိမှန်သေဆုံး Reviewed by THITHTOOLWIN on 09:40 Rating: 5
Powered by Blogger.