မြို့တွင်းလှည့်လယ်၍ လက်ကိုင်ဖုန်းများ ခိုးယူသူကို မုံရွာနယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူ


မုံရွာ၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်းသို့ လှည့်လယ်၍ တကိုယ်တော် လက်ကိုင်ဖုန်းများ ခိုးယူသူတစ်ဦးအား စက်တင်ဘာ ၆ ရက် မနက် ၁ နာရီအချိန်က ခိုးရာပါ ဖုန်းများနှင့်အတူ မုံရွာနယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူလိုက်ပြီးဖြစ်ကြောင်း ရဲစခန်းမှူး ရဲအုပ် ရဲအောင်ထံမှ သိရသည်။

အဆိုပါ ခိုးရာပါ လက်ကိုင်ဖုန်းများသည် အမျိုးအစား အစုံအလင်ပါရှိကြောင်း နယ်ထိန်းရဲအရာရှိ ဒုရဲအုပ် ကျော်သူရမှ ဆိုသည်။

ယင်း ခိုးရာပါ ဖုန်းများနှင့်ပတ်သက်၍ တရားရုံးတွင် အမှုပြီးပြတ်ပါက ဖုန်းပိုင်ရှင်မှန်များမှ ပြန်လည်ရရှိနိုင်ရန် အဆိုပါ ရဲစခန်းက ပြည်သူ့ဝန်ဆောင်မှုများလည်း ဆက်လက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/

မြို့တွင်းလှည့်လယ်၍ လက်ကိုင်ဖုန်းများ ခိုးယူသူကို မုံရွာနယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူ  မြို့တွင်းလှည့်လယ်၍ လက်ကိုင်ဖုန်းများ ခိုးယူသူကို မုံရွာနယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.