ကမ္ဘောဒီးယား အတိုက်အခံ ပါတီကို စစ်တပ်တွေ ၀ိုင်းထား


4-9-2016

ကမ္ဘောဒီးယားနိုင်ငံကို ၂၈ နှစ်ကြာ အုပ်ချုပ် ထားသူ ခေါင်းဆောင်ဟွန်ဆန် ရဲ့  လက်ရုံးတပ်တွေ ဟာ မြို့ တော် ဖနွမ်ပင်က အတိုက်အခံ အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP)ရဲ့  ဌာနချုပ်ကို ၀ိုင်းထားပြီး ရှင်းလင်းဖျက်စီးမယ်လို ခြိမ်းခြောက်ခံနေရပါတယ်။


သူ့ ကိုယ်သူ ဘုရင်ဘွဲ့ ခံထားသူ စစ်ဖက်ခေါင်းဆောင် ဟွန်ဆန်ကို အလုပ် သမားနဲ့ အခြေခံ လူတမ်းစားတွေ ဆက်တိုက် ဆန့် ကျင်လာအောင် အတိုက်အခံပါတီမှ သွေးထိုးပေးနေတယ်လို့ စွတ်စွဲချက်နဲ့  ပါတီကိုပုံစံ အမျိုးမျိုးနဲ့  နှိပ်ကွပ်နေ ရာမှာ လူမိုက်တွေသုံးပြီး အတိုက်အခံပါတီ လွှတ်တော်အမတ်တွေကို ရိုက်နှက် တာ ထောင်ချတာ သတ်ဖြတ်တာတွေ ဆက်တိုက် လုပ်လာနေခဲ့ပါတယ်။


လူထုအင်အားကို ယုံကြည်ပြီး စစ်တပ်နဲ့ ပူးပေါင်းတာမျိုး စစ်တပ်အလိုကြ မျက်နှာချိုသွေးတာမျိုး မလုပ်ခဲ့တဲ့အတိုက်အခံပါတီခေါင်းဆောင် က အစိုးရရဲ့ မသာမှုတွေ ကြောင့် အထွေထွေသပိတ် ဆင်နွှဲမယ်ဟု ဆမ်ရိမ်ဆီ ကပြောခဲ့ပါတယ် ။ လူထုကိုလမ်းပေါ်မထွက်ကြပါနဲ့ လို့ မတားခဲ့သူ အတိုက် အခံခေါင်းဆောင်ရဲ့  ပါတီ ဌာနချုပ် ကို ဖျက်စီးပြစ်ဖို့ ယခုရက် ပိုင်း အတွင်း စစ်တပ်တွေ ၀ိုင်းထားကြပြီဖြစ်ကြောင်း သိရပါတယ်။

Credit ကိုကား postkhmer.com
Social Action for Women - SAW
ကမ္ဘောဒီးယား အတိုက်အခံ ပါတီကို စစ်တပ်တွေ ၀ိုင်းထား  ကမ္ဘောဒီးယား အတိုက်အခံ ပါတီကို စစ်တပ်တွေ ၀ိုင်းထား Reviewed by THITHTOOLWIN on 10:31 Rating: 5
Powered by Blogger.