ကလေး-တမူးကားလမ်းတွင် ၁၂ဘီးကားတစ်စီးတိမ်းမှောက်


ကလေး၊စက်တင်ဘာ ၂၇။

ကလေးမြို့နယ်၊ရန်မျိုးအောင်ကျေးရွာအနီး၊နေကျော် ကြီးကွေ့ ကလေး-တမူးလမ်းမဘေးတွင် စက်တင်ဘာ၂၆ရက် ၊ ညနေ ၅နာရီအချိန်က ၁၂ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း သိရသည်။


၎င်း၁၂ဘီးယာဉ်သည် မန္တလေးမှ တမူးသို့ ကုန်ပစ္စည်းများပို့ဆောင်ရန် မောင်းနှင်လာစဉ် ရန်မျိုးအောင်ကျေးရွာအနီး နေကျော်ကြီးကွင်း ကလေး-တမူးကားလမ်းကွေ့အရောက်တွင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ ဘယ်ဘက်အခြမ်းသို့ ရောက်ရှိ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ဖူးရောင်၊ ပွန်းပဲ့ဒဏ်ရာများသာ ရရှိပြီး အသက်သေဆုံးမှုမရှိဟု သိရသည်။

ယာဉ်အား မဆင်မခြင်အရမ်းမောင်းနှင်သူ ယာဉ်မောင်း အား ဥပဒေအရ အရေးယူရန်ဆောင်ရွက်
နေကြောင်း ကလေးမြို့မရဲစခန်းမှ သတင်းရရှိသည်။

စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ကလေး-တမူးကားလမ်းတွင် ၁၂ဘီးကားတစ်စီးတိမ်းမှောက် ကလေး-တမူးကားလမ်းတွင် ၁၂ဘီးကားတစ်စီးတိမ်းမှောက် Reviewed by THITHTOOLWIN on 10:16 Rating: 5
Powered by Blogger.