ဘိုကလေးမှာ မိကျောင်းကိုက်ခံရလို့ လူတစ်ဦးသေဆုံး


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာ အုပ်စု၊ မြင်းကအုပ်ကျေးရွာတွင် စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂း၃၀ ခန့် က အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရှိရပါသည်။

(၁၂.၉.၂၀၁၆) ရက်၊ (၁၄း၃၀) နာရီအချိန်တွင် ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု၊ မြင်းကအုပ်ကျေးရွာတွင် ဦးမျိုးထွန်းအသက် (၄၂) နှစ်သည် ငပိချောင်းဖျားအတွင်း ဘဲကျောင်းရင်းဘဲစာအတွက် ခရုများကိုချောင်းတွင်းမှ ဆယ်ယူနေစဉ် မိကျောင်းကိုက်ခံရ ၍ သေဆုံးသွားခြင်း ဖြစ်သည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

ဘိုကလေးမှာ မိကျောင်းကိုက်ခံရလို့ လူတစ်ဦးသေဆုံး  ဘိုကလေးမှာ မိကျောင်းကိုက်ခံရလို့ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.